Guardian

96 13 14
                                    

#Unicode

ဖယ်ရီကား​ပေါ်က ဆင်းလိုက်တာနဲ့ ​​​​​အသည်းခိုက်မတတ် အသားထဲထိ ​စိမ့်၀င်လာတဲ့​အေးစက်မှု​ကြောင့် ​လျှောကျ​နေတဲ့ စလင်းဘတ်အိတ်​လေးကို ဆွဲတင်ကာ ခပ်​ပြေ​ပြေမာဖလာအနီ​လေးကို​ ​သေချာပြန်ပတ်လိုက်ပြီး​ လက်​လေးနှစ်ဖက်ကို ​ခပ်တင်းတင်း ပိုက်လို့ ဟိုတစ ဒီတစသာ ရှိတဲ့ မှိန်ပြပြ ​လမ်းမီးတိုင်​​တွေ ရှိတဲ့ လမ်းသွယ်​လေးဆီ ​လျှောက်လို့လာခဲ့လိုက်တယ်။

လ​ရောင် ​ပျောက်တဲ့ ဒီလို ညဦးပိုင်းမှာ ​ဆောင်းရာသီ၀င်လာပြီဖြစ်တဲ့အတွက် လမ်းသွယ်​လေးထဲ လူသွားလူလာလည်း မရှိသ​လောက်ပင်။

အလုပ်က ၆နာရီဆင်း​ပေမယ့် မြို့ထဲနဲ့ အ​တော်တန်​ဝေးတဲ့ ​နေရာဖြစ်တဲ့အပြင် အလုပ်ကဖယ်ရီနဲ့ ပြန်ရတဲ့အတွက် ကျွန်မအိမ်​ပြန်​ရောက်ချိန်က ၇နာရီ​ကျော်​​။

ဖယ်ရီနဲ့မပြန်ဘဲ ဘတ်စ်ကားစီးရင် နာရီ၀က်ပို သက်သာမှာပေမယ့် ဘတ်စ်ကားဂိတ်က​နေ လမ်းထိပ်ထိ တစ်​ယောက်တည်း လမ်း​လျှောက်ပြန်ဖို့က ခုလို​နေ၀င်​စောတဲ့​ဆောင်းရာသီမှာ ပိုလို့ပင် အန္တရာယ်များလှသည်။

ခြံ၀န်းကျယ်ကြီး​တွေနဲ့ ခပ်အုပ်အုပ် အပင်ကြီး​တွေသာရှိတဲ့ ကျွန်မတို့ရပ်ကွက်ငယ်​လေးက အ​တော်သင့်ဖွံ့ဖြိုးစပြုတဲ့ ရွာ​တစ်ရွာ နဲ့မခြားနားလှ​တဲ့ အ​ခြေ​အနေ၌ပင် ရှိ​သေးသည်။ ​

အခုနှစ်ပိုင်း​တွေအတွင်း မီး​ မှန်မှန်လာပြီး လမ်းမီး​တွေ စိုက်ထူ​ပေးထားတာကပင် တိုးတက်လာသည်ဟု ဆိုရမည်။

အခုလည်း ပတ်၀န်းကျင်က တိတ်ဆိတ်​နေပြီး အပင်ကြီး​တွေရဲ့ ​လေတိုက်သံ ​နဲ့ ​အ​ကောင်​ငယ်​လေး​တွေရဲ့ ​အော်မြည်​တဲ့ အသံ​​တွေကိုသာ ကြားရသည်။

တီဗွီရှိ​သော အိမ်​ရှေ့မှ ဖြတ်​လျှောက်တဲ့အခါ ပျံ့လွင့်လာတဲ့ တီဗွီမှ အသံ​​​​တွေ​ကြားရ၍သာ လူ​တွေရှိတယ်ဆိုတဲ့အသိနဲ့ စိတ်သက်သာရာ ရ​ ရပါတယ်။

သို့​ပေမယ့် ဖြတ်သွားဖြတ်လာ မရှိတဲ့ လမ်း​ပေါ်၀ယ် သရဲကြောက်တတ်တဲ့ကျွန်မက​တော့ ရသမျှဘုရားစာကိုရွတ်လို့ လမ်းကိုခပ်သွက်သွက်​လျှောက်​နေမိတယ်။ 

Guardian(Completed)Where stories live. Discover now