Part (1)

4K 171 7
                                    

Unicode

"ဂျိန်း"
သံဗန်း တံခါးပိတ်သံသည် နားထဲသို့ အော်ပရာတေး တစ်ပုဒ်လို သာယာစွာစီးဝင်သွား၏။
မျက်လုံးနှစ်ဖက်ကို စုံပိတ်ပြီး လတ်ဆတ်တဲ့လေကို တစ်ဝကြီး ရှူသွင်းလိုက်ပြီး
ဒီလေထုထဲတွင် လွတ်လပ်မှု အငွေ့အသက်တွေပါ ရှောနှောနေသည်ကို ခံစားရမိသည်။
နေရောင်ခြည်နုနုက မျက်နှာပေါ် လာအထိအတွေ့ မျက်လုံးကို ပြန်ဖွင့်ပြီး ပြာလဲ့နေသော ကောင်းကင်ကို ခဏတစ်ဖြုတ်ငေးမိ။
အရင်တုန်းက ဒီလို အလှအပမျိုးကို ဘာလို့များ မမြင်ခဲ့မိပါလိမ့်
အိမ်ဟုသတ်မှတ်ထားသည့် တိုက်ခန်းကျဥ်းလေးသို့ ပြန်ရာလမ်းတစ်လျှောက်ရှိ ပတ်ဝန်းကျင် ကို အသစ်အဆန်းလို လိုက်ကြည့်မိပြန်သည်။
ငှက်ကလေးများက တကျီကျီ အော်မြည်နေပြီး လမ်းဘေး နှစ်ဖက်ရှိ သစ်ပင်များတွင်အရွက်ကင်းမဲ့နေသည်။
လမ်းပေါ်တွင်လည်း သစ်ရွက်ခြောက်တွေက ဟိုတစဒီတစ
ေဩာ် ေနွဦး ရောက်ပြီကို

လမ်းမှာ တွေ့တဲ့ အချို့သူများက သူ့ကို နှာခေါင်းရှုံသွားပြီး ခပ်ငယ်ငယ် ကလေးမများက လက်ညိုးထိုးကာ မခို့တရို့ပြုံးကြပြီး တီးတိုးစကားများ ဆိုသွားကြသည်။
'ေဩာ် ဒီခေတ် ကလေးတွေများ မလွယ်လိုက်ကြတာ' လို့တွေးကာ ခပ်ဟဟ ရယ်ရင်း အိမ်သို့ သုတ်ခြေတင်မိသည်။
တိုက်ခန်းရှေ့ရောက်တော့ မထင်မှတ်ပဲ တိုက်ခန်းပိုင်ရှင် မစ်စ်ဘယ်ရီ (Ms. Berry)နှင့်ထိပ်တိုက်တွေ့တော့ မစ်စ်ဘယ်ရီက ကျွန်တော့်ကို ပြေးဖက်ပြီး

"သား လူကလေး နောက်ဆုံးတော့လွတ်လာပြီပေါ့
အို သားရယ် သတိရလိုက်ရတာ ကွယ်"

လက်ထဲက အထုပ်ကို ချပြီး မစ်စ်ဘယ်ရီ၏ပါး နှစ်ဖက်ကို အကြင်နာပေးနေမိသည်။
မစ်စ် ဘယ်ရီကလည်း သူ့ရဲ့ ညစ်ပတ်နေတဲ့ ဆံပင်တွေကို သပ်ပေးရင်း ငိုနေသည်။မစ်စ် ဘယ်ရီ၏ မျက်ရည် များကို သုတ်ပေးရင်း

"မငိုပါနဲ့ အမေရယ် ကျွန်တော် ပြန်လာပြီပဲ"

"အေးပါကွယ် သားရယ် ပျော်လွန်းလို့ ငိုမိတာပါ
ငါ့သားလေးလည်း ပင်ပန်းနေပြီပေါ့ သွား သွားနားတော့ လူကလေး
ညစာ စားချိန်ကျ အောက်ထပ်ဆင်းလာခဲ့"

I'm The Husband Of A Villain (ငါကဗီလိန်တစ်ယောက်ရဲ့ခင်ပွန်း)Where stories live. Discover now