Unicode
မနက်ခင်းနေရောင်ခြည်သည် လိုက်ကာကိုထိုးဖောက်ကာ ဒန်နီရယ်၏မျက်နှာပေါ်သို့ကျရောက်လာခဲ့သည်။
ထိုအခြင်းအရာကြောင့် အနည်းငယ်လူလွန့်သွားပြီး ခန္ဓာကိုယ်အားတစ်ဖက်သို့စောင်းကာ ထပ်မံအိပ်ရန်ကြိုးစားလိုက်သည်။သို့သော် အချင်းနှီးမျှသာ vampire တစ်ကောင် နေရောင်ခြည်အားထိတွေ့ရခြင်းကိုစိုးရွံ့သကဲ့သို့ ဒန်နီရယ် သည်လည်းအလားတူပင်
ထို့ကြောင့် သူပြန်အိပ်စက်ရန်မကြိုးစားတော့ပဲ အိပ်ရာမှထကာ အိမ်အောက်ထပ်သို့ဆင်းရန် သူ၏ခြေလှမ်းများကိုရွေ့လိုက်သည်။
ဒန်နီရယ် တံခါးဖွင့်ဖွင့်ချင်း တံခါးပေါက်ဝတွင် ကျောပြင်ကျယ်တစ်ခုအားတွေ့လိုက်ရသောကြောင့် အနည်းငယ်တွန့်စုတ်သွား၏။
ကြွက်သားအစိုင်အခဲများဖြင့်တည်ဆောက်ထားသော ကျောပြင်ကျယ်ကိုပိုင်ဆိုင်ထားသည့်ထိုသူမှ သူ(ဒန်နီရယ်)ရှိရာသို့် သူ(သောမက်စ်)၏မျက်နှာအားလှည့်လိုက်ပြီး"Bonjour,comment ça va? အိပ်ရာကဘယ်လိုနေလဲ အိပ်ရတာသက်တောင့်သက်သာရှိရဲ့လား?"
"အင်း သက်တောင့်သက်သာရှိပါတယ် ဒါနဲ့ ညတုန်းက ခင်ဗျားဘယ်မှာသွားအိပ်တာလဲ?"
"ကိုယ်က အောက်ထပ်ဧည့်ခန်းထဲက ဆိုဖာမှာအိပ်လိုက်တာပါ"
"အော် အိုကေပါ ဒါနဲ့ ကျွန်တော်တို့ဒီနားမှာပဲ နေကြတော့မှာလား"
ထိုအခါမှ သောမက်စ်က တစ်ခုခုကိုသတိရသွားဟန်ဖြင့် အရှက်ပြေအောင် သူ့(သောမက်စ်)လည်ဂုတ်ကိုတစ်ချက်ပွတ်လိုက်ပြီး
"အာ sorry ကိုယ်မင်းကို မနက်စာစားဖို့လာခေါ်တာ မင်းမနိုးသေးမှာစိုးလို့ ကိုယ်အခန်းရှေ့ကပဲစောင့်နေတာ"
"အင်း ဒါဆို ကျွန်တော်မျက်နှာသစ်ပြီးရင်လာခဲ့မယ် ဒါနဲ့ ရေချိုးခန်းကဘယ်မှာလဲတစ်ချက်ပြပေးပါ"
"ဒီစင်းကြန်လမ်းအဆုံးက အခန်း"
သောမက်စ် ရေချိုးခန်းရှိရာသို့ ဒန်နီရယ့်အား ညွှန်ပြလိုက်ပြီး မနက်စာစားရန်စောင့်နေလိုက်သည်။
ခဏအကြာ ဒန်နီရယ် ပြန်ရောက်လာပြီး"အကြာကြီး စောင့်လိုက်ရလားမသိဘူး"
"စောင့်ရတာ အလွန်ဆုံးရှိ ၈ မိနစ်လောက်မလို့ မကြာပါဘူး"
![](https://img.wattpad.com/cover/253611313-288-k957304.jpg)
YOU ARE READING
I'm The Husband Of A Villain (ငါကဗီလိန်တစ်ယောက်ရဲ့ခင်ပွန်း)
Randomလူနှစ်ဦးရဲ့ ချစ်ခြင်းကို ဖျက်စီး ခဲ့တဲ့သူကို ဗီလန် လို့ သတ်မှတ်ကြတယ်မလား ခက်တာက အဲ့ ဗီလိန်ရဲ့ ခင်ပွန်းက ငါဖြစ်နေတာပဲ