"ဝမ်ရိပေါ်..မင်းမထသေးဘူးလား"စောစောစီးစီးဟိန်းထွက်လာတဲ့ပါးအသံကြောင့်
ခေါင်းအုံးကိုနားမှာကပ်ပြီးဖိထားလိုက်ရတယ်။"မင်းကျောင်းသွားဖို့ငါနေ့တိုင်းနှိုးနေရမှာလား"
တံခါးကိုဆွဲဖွင့်ပြီးအခန်းထဲထိဝင်လာပုံပဲ
အသံကသူနဲ့နီးကပ်လွန်းနေပြီ။"အခုချက်ချင်းထစမ်း ငါ့အကြောင်းသိတယ်နော်"
ဆက်အိပ်နေလို့မရတော့တဲ့အတူတူ
ခေါင်းအုံးကိုဆောင့်အောင့်ကာပစ်ချပြီးထထိုင်
တော့ ပါးရဲ့သီးခံနိုင်စွမ်းကုန်နေပြီဖြစ်တဲ့
အကြည့်စူးစူးတွေနဲ့တိုးတော့တယ်။အခုမှလာပြီးဒေါသထွက်ပြနေတယ်။
ညကအိပ်ရေးပျက်တာဘယ်သူ့ကြောင့်လဲလို့
ပြန်မေးချင်ပေမဲ့ထပ်ပြီးရှည်နေမှာမလိုလားလို့
သက်ပြင်းသာနာနာချလိုက်တယ်။စောင်ကိုဖြစ်သလိုခေါက်ပြီးထသွားဖို့ပြင်ပေမဲ့
ပါးကသူ့ပခုံးကပြန်တွန်းချကာ"အိပ်ယာခင်းပါခေါက်သိမ်း
ဟိုမှာသူများခေါက်ထားတာမြင်လား"ပါးမေးငေါ့ပြရာနေရာကိုလိုက်ကြည့်မိမှ
ဟိုတစ်ယောက်အိပ်ယာကထသွားပြီမှန်း
သိလိုက်တယ်။
ခေါက်ရိုးညီညီခေါက်ထားတဲ့
အိပ်ယာခင်းအပေါ်မှာမှ ခေါက်ပြီးသားစောင်ရယ်
ခေါင်းအုံးရယ်ကစနစ်တစ်ကျရှိနေတယ်။ညကမျက်နှာတွေနီရဲပြီးထွက်ပြေးသွားပြီး
ဘယ်အချိန်မှပြန်ဝင်လာမှန်းသူလဲမသိတော့။
Mp4ကသီချင်းကျယ်ကျယ်ဖွင့်ပြီးအိပ်လိုက်တာ
မကြားချင်တဲ့အသံတွေလုံးဝမကြားရတော့ဘူး။
နောက်နေ့တွေလဲဒီလိုပဲအိပ်ဖို့ဆုံးဖြတ်ထားတယ်။ရိပေါ်ကအိပ်ယာခင်းကိုပျင်းတွဲတွဲကုန်းခေါက်
နေပြီမို့လို့ပါးလဲအခန်းထဲကထွက်သွားပြီ။"ဝါး.."
အပျင်းကျောဆန့်ရင်းရေချိုးဖို့ထွက်ထွက်ချင်း
အိမ်ရှေ့တံခါးဝမှာငုတ်တုတ်လေးထိုင်ပြီး
ဖိနပ်ကြိုးချည်နေတဲ့ဟိုတစ်ယောက်ကိုမြင်လိုက်
ရတာမို့လက်ကနာရီကိုမသိမသာလေးငုံ့ကြည့်
ရတယ်။
YOU ARE READING
WITH ME (Complete)
Fanfictionလိုက်ခဲ့မယ်မလား... ငါတို့နှစ်ယောက်တည်းရှိမဲ့ရပ်ဝန်းဆီကို လိုက်ခဲ့မယ်မလား... ငါတို့နှစ်ယောက်တည်းရှိမဲ့ရပ်ဝန်းဆီကို