ရုံးမှာ အလုပ်တွေဆက်တိုက်ဆိုသလို များနေခဲ့သည် ED နှစ်ပတ်လည် အထိမ်းအမှတ်ပွဲအတွက်လည်း အချိန်တစ်လ ကျော်လိုသေးတယ်ဆိုပေမယ့် ဝန်ထမ်းတွေကိုတော့ ပွဲတော်တာဝန်တွေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲထားပြီဖြစ်လို ကိုယ်စီတာဝန်တွေနဲ့အဆင်သင့်ဖြစ်နေအောင်ကြိုစီစဉ်နေကြချိန်ဖြစ်သည်
"Hello သမီး မေမေရောက်နေပြီနော်
Sky mark ရှေ့မှာ""ဟုတ်မေ သမီး အမေ့ကိုတွေ့ ပြီ ကားလမ်းကူးလာခဲ့မယ် အဲမှာပဲစောင့်နေနော်"
ယ ပွဲတော် အတွက်လိုအပ်တာတွေဝယ်ဖို့ သွားရင်းမြို့ထဲမှာ မေမေနဲ့ချိန်းထားသည် အိမ်မပြန်ဖြစ်တော့လို့ မေမေမြို့ထဲကိစ္စရီလို့လာတဲ့အချိန်နဲ့ကိုက်ပြီးသားအမိ ဆုံဖို့ပြောထားသည်
ကားလမ်းကူးဖို့စောင့်နေတုန်း မေမေဆီလူတစ်ယောက်လျှောက်လာပြီးစကားတွေပြောနေတာလှမ်းတွေ့ လိုက်တော့ သူ့မိတ်ဆွေနဲ့ တွေ့ နေတာပဲ ထိုလူက ဘယ်သူပါလိမ့် ယ မသိတဲ့သူသာဖြစ်သည်"မေမေ"
ယ လမ်းတစ်ဖက် ရောက်တော့ မေမေ့ဆီလျှောက်သွားပြီးခေါ်လိုက်တယ်ပြီး ဘယ်သူလဲ ဆိုတဲ့မေးခွန်းအကြည့်နဲ့မေမေကိုကြည့်လိုက်တော့
"ဪ သမီး ရောက်ပြီလား "
"ဒါကျွန်မ သမီးအလတ်ပါ မေယ တဲ့
EDမှာ အလုပ်ဝင်နေတာလေ ""သမီး ကောင်း ဦးလေး ကို နှုတ်ဆက်လိုက်ဦးလေ"
"ဟုတ် ကောင်းဦးလေး တွေ့ ရတာဝမ်းသာပါတယ်"
"နာမည်က မေယ တဲ့လား သမီးက ချစ်စရာလေးပဲ ဦးနာမည်က ကောင်းလိန် ပါ သမီးမေရဲ့မိတ်ဆွေလေ"
နှစ်ယောက်စကားပြောနေပုံကြည့်ရတာ မေမေနဲ့ အတော်ရင်းနှီးခဲ့ပုံရတယ် မေမေတော့ အားနာနေပုံနဲ့ နဂိုတည်းက မေမေက အနေအေးသူဆိုတော့ ယ ဘာမှမမေးတော့ဘဲ နေလိုက်သည်
"သမီးလေးလည်းလာ ပြီဆိုတော့ တွေ့ တုန်းလေး ကိုယ်ထမင်းလိုက်ကျွေးပါရစေနော် ညီမ"
"နေပါစေ ရပါတယ် အားနာစရာကောင်းနေပါမယ်"
"ဟာ မလုပ်ပါနဲ့ ဆုံဖို့ဆိုတာ လွယ်တာမှ မဟုတ်ဘဲ မိန်လွေ လည်း မင်းကိုမေးနေတာ မတွေ့ ဖြစ်တော့ လို့ ဆို ပြီး အအေးဖြစ်ဖြစ်သောက်ပြီးမှ ပြန်ပေါ့နော် "