Part-1

224 16 6
                                    

"အထူး သတိပေးချက်‼️

မိုးလေဝသခန့်မှန်းချက်အရ8.1.2021ရက်‌ေန့တွင် အလွန်အားကောင်းသော နှင်းမုန်တိုင်းတိုက်ခတ်နိုင်ဖွယ်ရှိသည်။ထိုနှင်းမုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ကစဉ့်ကလျားဖြစ်နိုင်တာကြောင့်ရုံးများ၊ကျောင်းများ ခေတ္တပိတ်ထားမည်ဖြစ်၍ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားခြင်း၊အိမ်အပြင်ထွက်ခြင်းများမပြုလုပ်ရန်
ဂရုတစိုက် လိုက်နာပေးကြပါရန်...."

မီနာ သည် အခန်းတစ်ခုလုံး အမှောင်ချကာ TVကြည့်ရင်း ခေါက်ဆွဲပြုတ်စားနေသည်။

"ဂျိမ်း ! "

"အမေ့ !!!! "

မြည်ဟည်းသံသည် နားစည်တည့်တည့်လာရောက်ထိမှန်လေတော့ မီနာသည် တစ်ကိုယ်လုံး တုန်တက်သွားကာ လက်ထဲက ခေါက်ဆွဲဗူးသည်ပင် ကြမ်းပြင်ပေါ် မှောက်ချမိသည့်အထိပင်။

"ချောက်"

မီးခလုတ်ဖွင့်သံကြားရပြီးနောက် တစ်ခန်းလုံး လင်းထိန်လာလေသည်။

"ဟေး မိုအာ တကယ်ပဲ နင် တံခါးကို ပျက်အောင်ဖျက်နေတာလား"

"တခန်းလုံး အမှောင်ချပြီးနင်ကရောဘာလုပ်နေတာလဲ"

ခေါင်းလျှော်ထားဟန်ရှိသော မိုအာကသဘက်ဖြင့် ဆံပင်တွေကို ပွတ်သပ်နေရင်း
မီနာ ဘေးတွင် ဝင်ထိုင်လိုက်သည်။

"ရားး..ကင်မီနာ ခေါက်ဆွဲတွေကြမ်းပြင်မှာ ဟာ...shit... "

"ရားးး အဲ့ဒါနင့်ကြောင့်ပဲလေ နင်တံခါးကို ဆောင့်ပိတ်လိုက်လို့ ငါလန့်သွားတာ "

"တော်ပြီ..ဆင်ခြေမပေးနဲ့ အဲ့တာတွေ ပြန်သန့်ရှင်း အခု "

မိုအာက ဆိုဖာမှ ထသွားကာ သူ့အခန်းထဲ ပြန်ဝင်သွားလေသည်။

အခန်းဖွဲ့စည်းပုံသည်

မိုအာနှင့် မီနာသည် အခန်းချင်းမျက်နှာချင်းဆိုင်ဖြစ်ပြီး အလယ်တွင်ဧည့်ခန်းဟုမဆိုနိုင်သော TVနှင့် ဆိုဖာထားရုံလောက်သာဆန့်သော အခန်းရှိသည်။
အလယ်ခန်း၏ ဘေးတွင် မီးဖိုခန်းသေးသေးလေးတစ်ခန်းလည်းရှိသည်။

ကင်မီနာနှင့် ဟန်မိုအာသည် မျိုးရိုးမတူသောညီအစ်မ ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Jan 14, 2021 ⏰

Add this story to your Library to get notified about new parts!

Park&ByunWhere stories live. Discover now