"အထူး သတိပေးချက်‼️
မိုးလေဝသခန့်မှန်းချက်အရ8.1.2021ရက်ေန့တွင် အလွန်အားကောင်းသော နှင်းမုန်တိုင်းတိုက်ခတ်နိုင်ဖွယ်ရှိသည်။ထိုနှင်းမုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ကစဉ့်ကလျားဖြစ်နိုင်တာကြောင့်ရုံးများ၊ကျောင်းများ ခေတ္တပိတ်ထားမည်ဖြစ်၍ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားခြင်း၊အိမ်အပြင်ထွက်ခြင်းများမပြုလုပ်ရန်
ဂရုတစိုက် လိုက်နာပေးကြပါရန်...."မီနာ သည် အခန်းတစ်ခုလုံး အမှောင်ချကာ TVကြည့်ရင်း ခေါက်ဆွဲပြုတ်စားနေသည်။
"ဂျိမ်း ! "
"အမေ့ !!!! "
မြည်ဟည်းသံသည် နားစည်တည့်တည့်လာရောက်ထိမှန်လေတော့ မီနာသည် တစ်ကိုယ်လုံး တုန်တက်သွားကာ လက်ထဲက ခေါက်ဆွဲဗူးသည်ပင် ကြမ်းပြင်ပေါ် မှောက်ချမိသည့်အထိပင်။
"ချောက်"
မီးခလုတ်ဖွင့်သံကြားရပြီးနောက် တစ်ခန်းလုံး လင်းထိန်လာလေသည်။
"ဟေး မိုအာ တကယ်ပဲ နင် တံခါးကို ပျက်အောင်ဖျက်နေတာလား"
"တခန်းလုံး အမှောင်ချပြီးနင်ကရောဘာလုပ်နေတာလဲ"
ခေါင်းလျှော်ထားဟန်ရှိသော မိုအာကသဘက်ဖြင့် ဆံပင်တွေကို ပွတ်သပ်နေရင်း
မီနာ ဘေးတွင် ဝင်ထိုင်လိုက်သည်။"ရားး..ကင်မီနာ ခေါက်ဆွဲတွေကြမ်းပြင်မှာ ဟာ...shit... "
"ရားးး အဲ့ဒါနင့်ကြောင့်ပဲလေ နင်တံခါးကို ဆောင့်ပိတ်လိုက်လို့ ငါလန့်သွားတာ "
"တော်ပြီ..ဆင်ခြေမပေးနဲ့ အဲ့တာတွေ ပြန်သန့်ရှင်း အခု "
မိုအာက ဆိုဖာမှ ထသွားကာ သူ့အခန်းထဲ ပြန်ဝင်သွားလေသည်။
အခန်းဖွဲ့စည်းပုံသည်
မိုအာနှင့် မီနာသည် အခန်းချင်းမျက်နှာချင်းဆိုင်ဖြစ်ပြီး အလယ်တွင်ဧည့်ခန်းဟုမဆိုနိုင်သော TVနှင့် ဆိုဖာထားရုံလောက်သာဆန့်သော အခန်းရှိသည်။
အလယ်ခန်း၏ ဘေးတွင် မီးဖိုခန်းသေးသေးလေးတစ်ခန်းလည်းရှိသည်။ကင်မီနာနှင့် ဟန်မိုအာသည် မျိုးရိုးမတူသောညီအစ်မ ဖြစ်သည်။
YOU ARE READING
Park&Byun