မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်
ခရစ်သက္ကရာဇ် 2014 ခုနှစ် ညောင်ဦးမြို့" မရွာမိလျင် မျှော်ရော့ ၊ ရွှာမိလျင် တော်တော့ "
ဟူ၍ ဆိုရိုးရှိသည့် အညာမိုးကား
ညကတည်းက ခုချိန် မနက်စောစော ထိ
လုံးဝ မစဲမဖွဲပဲ သည်းသည်းမည်းမည်း ရွာနေခဲ့တာပင် ။အိမ်ခေါင်မိုးသွပ်ပြားများမှ မိုးသံလေသံ တဝုန်းဝုန်း
မြည်နေသည့်တိုင် ...မင်းကျန်စစ် အိပ်ယာထက်၌ စောင်ကို ခေါင်းမြီးခြုံကာ စည်းစိမ်ယူကာ
မှိန်း၍ ကောင်းနေဆဲ။" မင်းကျန်စစ် ... သား ... ထတော့ ... ရှစ်နာရီပဲ ကျော်နေပြီ..
ဒီနေ့ ကျောင်းဖွင့်ပြီ မဟုတ်လား.."" အွန်း..."
အဖေ့ရဲ့ နှိုးဆော်သံ သြသြကို မျက်လုံး မဖွင့်ပဲ
မင်းကျန်စစ် ပြန်တုံ့ပြန်မိသည်။" အွန်းမလုပ်နဲ့ ထတော့ဟေ့ကောင်....
ကျောင်းသွားဖို့လုပ် "နည်းနည်းတင်းမာစ ပြုလာသော အဖေ့လေသံကြောင့်
မင်းကျန်စစ် ကိုယ်ကိုလုံးထွေးထားသော အကွက်ရိုက် အညာစောင်ပါးပါးကို ဆွဲခွာကာ
လူးလွန့်၍ အိပ်ယာထက်မှ ထလိုက်သည် ။နာရီကိုကြည့်တော့ ရှစ်နာရီပင်ခွဲလုပြီ
ကျောင်းက ကိုးနာရီ တက်သည်မဟုတ်လား...
အပြင်မှာတော့ မိုးက သည်းမည်းစွာရွာနေတုန်း ရှိသေး၏ ။" ဪ အညာမိုး အညာမိုး
ရွာပြန်တော့လဲ ၊ တသဲသဲ တစိုစို
ငြိုးသလိုနှိပ်စက် ၊ ယာခင်းပျက်ဆိုသလို သည်းကြီးမဲကြီးကို ချနေတာပါလားဟေ့.."
အဖေက သမိုင်းစာအုပ်တစ်အုပ်ကိုဖတ်နေရင်း
အပြင်ကိုကြည့်ကာ ကဗျာတစ်ပိုင်းတစ်စကို
ရေရွတ်နေလေ၏ ။မင်းကျန်စစ်လဲ အိမ်ရှေ့က မျက်နှာသစ်ရေချိုးရာနေရာ
ပီပါပိုင်း လေး ရှိရာ သို့ မိုးရွာထဲ အပြေးကလေး သွား၍ ခပ်မြန်မြန် ကိုယ်လက်သန့်စင်လိုက်သည် ။ရာသီဥတုက ချမ်းအေးလှသည်ကိုး.....
" ဒီမှာ အဖေ ထမင်းကြော်ထားတယ်...
မြန်မြန်စားပြီးသွားတော့...
စားပွဲပေါ်မှာ ထီးနဲ့ မုန့်ဖိုးတင်ထားတယ်ယူသွား
ပထမဆုံးနေ့ဆိုပြီး မပေါ့နဲ့ စာသေချာလိုက်ကြည့် "