U8. Late Thoughts, Dull Mind

432 38 0
                                    

8. Late Thoughts, Dull Mind

Baek Hyun ၏ ပတ်ဝန်းကျင်က အေးစက်နေသည်။ ဒီလောက် နိမ့်သောအပူချိန်မှာ Baek Hyun ဘယ်လိုအိပ်ပျော်သွားခဲ့မိလဲ တွေးလို့မရ၊ Baek Hyun က အခန်းအပူချိန်ကို မြှင့်ပြီးမှ အိပ်တတ်တဲ့သူမျိုးလေ။

Baek Hyun ရဲ့ခါးကို တစ်စုံတစ်ခုက ရစ်ပတ်ထားသည်။ ကျောပြင်ကလည်း နူးညံ့သောအရာတစ်ခုကို ထိကပ်ထားမိသည်။ ဝင်သက်ထွက်သက် စည်းချက်တွေနဲ့အတူ BaekHyun ရဲ့ ဆံပင်တွေက လှုပ်ခါနေ၏။ ပြီးတော့ ကျောပြင်ဆီကရနေတဲ့ သူစိမ်းဆန်ဆန် နွေးထွေးမှုတစ်ခုကလည်း Baek Hyun ကို မျက်ခုံးလှုပ်စေသည်။ တစ်ကိုယ်လုံး အနည်းငယ်နာကျင်နေရုံမက ပင်ပန်းကာ မူးဝေနေသလို ခံစားရတာကြောင့် မျက်ဝန်းကို မဖွင့်ဖြစ်သေး...

ခေါင်းအနည်းငယ် နောက်ကျိရာမှ ကြည်လင်လာချိန်မှာ ခါးပေါ်က လက်တစ်ဖက် ရှိမနေတော့။ ဖြစ်ခဲ့သမျှတွေကို လုံးဝပြန်လည်အမှတ်ရမိမှ Baek Hyun မျက်ခွံတွေကို မှိတ်ထားရာမှ ခပ်ဖွဖွဖွင့်မိသည်။ မြင်ကွင်းက မရင်းနှီးနေ။ ဒီအိပ်ခန်းက Chan Yeol ရဲ့အိမ်က အခန်းမဟုတ်လား...

နောက်ကျောဆီဘက်က လှုပ်ရှားသံတွေကို ကြားနေရသည်။ ခြေသံတွေ၊ ပစ္စည်းတွေကို ရွှေ့ပြောင်းတဲ့ အသံတွေ။ Chan Yeol နိုးလာပြီး လှုပ်ရှားနေတာပဲလား...

Baek Hyun နေရာကမလှုပ်သေးဘဲ နားထောင်နေမိသည်။ မနက်အစောကြီးလို့ ထင်ရသောအချိန်ပေမဲ့ Chan Yeol ရဲ့ဖုန်းဆီက မြည်လာတဲ့ Ringtone အသံစုံက Chan Yeol ကို စကားပြောချင်သူတွေ များတဲ့အကြောင်းပြောပြနေသလို.. တတီတီအသံနှင့်အတူ လာသမျှဖုန်းတွေကို Chan Yeol ချပစ်တာကိုလည်း ကြားနေရသည်။

အချိန်အနည်းငယ်ကြာပြီး တော့ မွေ့ရာက အိခနဲအောက်ကျသွားကာ Baek Hyun ရဲ့ပခုံးကို လက်တစ်ဖက်က လာထိလာသည်။ Baek Hyun မျက်လုံးတွေကို မှိတ်လိုက်မိတော့ ထွက်လာတဲ့ ရယ်သံတိုးတိုးသဲ့သဲ့...

"Baekkie... နိုးနေရဲ့သားနဲ့ အိပ်ချင်ယောင်ဆောင်နေပြန်ပြီ။"

ထွက်လာတဲ့ စကားသံခပ်နက်နက်မှာ ရယ်မြူးသောအသံမျိုးပါသည်။ စကားအပြီးမှာပဲ Baek Hyun ရဲ့ကိုယ်ကို ဆွဲလှည့်တာ ခံလိုက်ရသည်။ Baek Hyun မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ Chan Yeol ရဲ့မျက်နှာငုံ့ကျလာတာကို မြင်ရ၏။ ပြီးတော့ ချက်ချင်းပဲ နှုတ်ခမ်းကို နွေးထွေးသွားစေတဲ့ စက္ကန့်ပိုင်းစာ အထိအခတ်လေး...

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now