[အပိုင်း ၁၁]

1.4K 248 30
                                    

Uni Code

ဂျူဟျွန်းဘဝရဲ့ နေ့ရက်တော်တော်များဟာ ဆူးလ်ဂီဆိုသောနာမည်တစ်ခုနှင့် ပြည့်နှက်သွားခဲ့သည်။ ဆူးလ်ဂီနဲ့၊ ဆူးလ်ဂီကြောင့်၊ ဆူးလ်ဂီဖို့၊ ဆူးလ်ဂီကို.. ဦးဏှောက်ညာဘက်အခြမ်းကတွေးလည်း ဆူးလ်ဂီနာမည်၊ ဘယ်ဘက်အခြမ်းကတွေးလည်း ဆူးလ်ဂီနာမည်ချည်း။

သူမကိုယ်တိုင်က အခုလိုဖြစ်နေခြင်းကို ဆိုးရွားတဲ့ကိစ္စလို့မမြင်မိသည့်အခါ ဆူးလ်ဂီဟူသောအမည်နာမသည် သူမရဲ့နေ့လိုညလိုဖြစ်လာခဲ့သည်။

မင်ဟော့မရှိဘဲ ဆူးလ်ဂီနှင့်ချည်း အတူသွားလာလှုပ်ရှားပါများလာတော့ ဂျူဟျွန်းထင်တားသလို သိပ်တော့မဟုတ်။ ဆူးလ်ဂီနှင့်သူမ တစ်ယောက်နှင့်တစ်ယောက် ဒီထက်ပိုသိတော့မှာမဟုတ်ဘူးလို့ တွေးထားခဲ့ပေမယ့် ထိုအတွေးလွဲကြောင်းကို သူကပဲသက်သေပြခဲ့သည်။

ဆူးလ်ဂီ.. ဆူးလ်ဂီ။

ဂျူဟျွန်းပြောသမျှ စကားတိုင်းကို အာရုံစိုက်နားထောင်တတ်တဲ့သူ။ သူမမျက်နှာကိုကြည့်ရုံနဲ့ စိတ်အခြေအနေကို ခန့်မှန်းနိုင်တဲ့သူ။ အချိန်ခဏလေးအတွင်းမှာ သူမရဲ့အကြိုက်နဲ့စရိုက်တွေကို မှတ်သားနိုင်သွားတဲ့သူ။

သူဂျူဟျွန်းရဲ့ကမ္ဘာထဲ တိုးဝင်လာပုံက လျှင်လျှင်မြန်မြန် သို့သော်နှေးနှေးကွေးကွေး။

ဂျူဟျွန်းနဲ့ပါတ်သတ်ပြီး သူပြောဆိုပြုမူသမျှဟာ သာမန်သူငယ်ချင်းတစ်ယောက်ထက်ပိုကြောင်း ဂျူဟျွန်းသိသည်။ ဒဏ်ရာသေးသေးလေးကို စိတ်ပူတာကအစ တစ်နေ့တာလုပ်သမျှအကြောင်းကို အမြဲတမ်းသိချင်နေတတ်ပြီး ဟယ်ယောင်းတို့နှင့် မိတ်ဆက်ပေးလျှင် နေရခက်သည့်ရည်းစားတစ်ယောက်လို ပြုမူတတ်သည်။

သူ့ကွယ်ရာမှာ ဟယ်ယောင်းတို့ကပင် မေးခွန်းထုတ်လာခဲ့သော်လည်း ဂျူဟျွန်းမဖြေနိုင်။ ထို့ကြောင့် လျှင်လျှင်မြန်မြန် ​နှေးနှေးကွေးကွေးဟု ရည်ညွှန်းခြင်းဖြစ်သည်။

"ငါကပရီဆန်တေးရှင်းလုပ်နေတာ သူတို့ကလိုက်ရယ်နေတယ် ဖြစ်သင့်လားပြော"

"အင်း"

"ဘာအင်းလဲ! "

"မဖြစ်သင့်ဘူးလို့ပြောတာ"

Simply YoursWhere stories live. Discover now