Ring Ring~
"Hello"
"Gun လား~ ကိုယ်ပါ"
"Krist မနောက်နဲ့နော် ဘာဖြစ်လို့လဲ? ပြော"
"မနောက်ပါဘူး P' ရာ ကျွန်တော်စဥ်းစားနေ
တာ ညနေကျရင် ကျွန်တော် P' ဘေးနားမှာ
ရောက်နေမယ်ထင်တယ်""ဟ ဘယ်လိုလုပ်ဖြစ်နိုင်လဲ မင်းက တရုတ်မှာ
လေ ပြီးတော့ ဟင်? ဒါဆို မဟုတ်မှလွဲရော..""ကျွန်တော်ပြောချင်တာလေး ပြောပြီးသွားပြီ
ဆိုတော့ bye"call end
Krist ဘက်ကဖုန်းချသွားသည်ကိုတောင် Gun မသိလိုက်။ ပါးစပ်အဟောင်းသားဖြစ်
ကာ နေရာမှာတင် ကျောက်ရုပ်အသွင် ခဏတာ
ရပ်နေမိသည်။ နောက်ကျမှ သတိပြန်ဝင်လာ
ကာ...."P'New! P'New! ဒီညနေ Krist တရုတ်
ကနေ ဘန်ကောက်ကို ပြန်လာမယ်တဲ့..""Krist!?"
~
"Tay အသက်ရောရှိသေးရဲ့လား.."
"အင်း ရှိသေးတယ်"
"မင်းဆိုတာလေ အမြဲတမ်းမဟုတ်တာတွေပဲ
လျှောက်တွေးနေတယ် အသက်ကဖြင့် ၃၀ ပြည့်တော့မယ်""အော် ငါမင်းတို့အကြောင်းလေးပဲ တွေးနေ
တာလေကွာ..""ငါတို့အကြောင်း!? မှန်မှန်လိမ်စမ်း ငါ့ကို
ခြေထောက်နဲ့ပိတ်ကန်ချင်တာတွေ၊ လက်ဝါး
စာမိမယ်ဆိုတာတွေ ပြီးတော့ ဘာရှိသေးလဲ""ခဏ ခဏနေပါအုန်း.. အဲ့ဒီဟာတွေက ငါ့
အကြံဆိုတာထက် မင်းအကြံတွေနဲ့ ပိုတူနေ
သလားလို့ မင်းဆိုတာလေ သရဲတောင်အလွတ်
မပေးဘူး စိတ်ထဲကသိကအောက် ဖြစ်လာပြီ
ဆိုရင်တောင် အေးအေးဆေးဆေးနေနေတဲ့
နံရံထောင့်ကသရဲကိုတောင် ခြေထောက်နဲ့
သွားပိတ်ကန်တတ်တဲ့ လူအမျိုးအစား အဲ့တာ
ကြောင့် မင်းအတွေးတွေ ငါ့လာပြောပြနေတာ
လား Off!? ""အော် အဲ့ဒါကလေ ငါအလုပ်ရှိသေးလို့ သွား
လိုက်အုန်းမယ်နော်""ဟင် ဘယ်ပြေးမလို့တုန်း ပြန်လာခဲ့စမ်း Off ဟေ့ကောင် Off"
Tay အော်ခေါ်နေယုံသာတတ်နိုင်တော့သည်။ သူ့ရုံးခန်းထဲကနေ ပြေးထွက်သွားသော Off
မှာ အလင်းအလား လျင်မြန်လွန်းသောကြောင့်
သူ့ခမျာ ဘာမှမတတ်နိုင်လိုက်။