Part - 17

1.5K 110 13
                                    

မင်းမချစ်ရင်ကောင်းမယ် 💔

အပိုင်း - ၁၇

✨✨✨✨✨✨✨✨✨✨✨✨
ကြားဖူးတယ်မလား ...?
ထမင်းအသက် ခုနှစ်ရက်၊
ရေအသက် တစ်မနက်တဲ့၊
ဒါဆို သေချာတယ်
ညီမအသက်ကတော့၊
အစ်မ နှုတ်ခမ်းဖျားလေးတင်...၊
သေဆိုသေ၊ ရှင်ဆိုရှင်လို့ရတဲ့၊
ကိုယ်က သူမတွက်ဆို၊
ကြိုးမပါပေမယ့် ခံစားချက်ရှိတဲ့၊
ရုပ်သေးရုပ်လေးတစ်ရုပ် ။ ။
✨✨✨✨✨✨✨✨✨✨

ဘေဘီ ဒီမနက်အစောကြီးနိုးနေသည်။ ညကလည်း မ များဖုန်းဆက်လာမလားဆိုပြီး စိုးရိမ်တကြီး‌ ညလုံးပေါက်စောင့်နေခဲ့၏။ စောစောနိုးလာတော့လည်း ပြန်မအိပ်တော့ဘဲ နေမ‌ကောင်း‌ေနေတဲ့ ကိုယ့်ဘုရင်မလေးသောက်လို့ရအောင် ကြက်သားဆန်ပြုတ်လေး ထပြုတ်ဖို့တွေးလိုက်ပြီး အိပ်ယာထဲကထ,လာလိုက်သည်။

"ဘေဘီ ထူးထူးဆန်းဆန်း အစောကြီးနိုးလို့ပါလား ဘာလိုလို့လဲ သမီး"

မီးဖိုခန်းထဲ မနက်စာပြင်နေသော ကြီးမြက ဘေဘီကို အံ့သြစွာကြည့်ပြီး မေးလာ၏။ ဟုတ်ပါတယ် ဘေဘီအရင်တုန်းက ဒီချိန်ဘယ်တော့မှ မထ,တတ်ပါ။ ခုကတော့မတူတော့ဘူးလေ သူမတွက် ဘေဘီ့ဘဝမှာ တစ်ခါမှမလုပ်ဖူးတာတွေကိုလည်း ခုကစ,အဆုံးထိ လုပ်ဖြစ်သွားမှာပါ။

"ဟုတ်တယ် ကြီးမြ ဘေဘီ ပြန်မအိပ်ချင်တော့လို့ ပြီးတော့ ကြက်သားဆန်ပြုတ်လေးလည်း ရုံးထည့်သွားချင်လို့ ထလာလိုက်တာ"

"အဲ့တာဆို နေနေ၊ ကြီးမြလုပ်ပေးမယ် သမီးက ရုံးသွားဖို့ပြင်ရဦးမယ်မလား"

"ရတယ် ကြီးမြ၊ ဘေဘီ့ဘာသာပြုတ်ချင်လို့ ဘယ်လိုပြုတ်ရမလဲလေးဘဲ ဘေးကနေပြောပေးပါလားဟင်"

ကြီးမြစိတ်ထဲတော့ ဒီကလေးမလေး ဒီမနက်တော်တော်ထူးဆန်းနေသည်။ ခုလိုချက်ပြုတ်ဖို့နေနေသာ၊ နေဖင်ထိုးမှထတတ်တဲ့ကလေးက သူသောက်ဖို့ထတယ်ဆိုတာတော့ လုံးဝမဖြစ်နိုင်။ သူ့တွက်အရေးပါတဲ့ လူတွက်လုပ်ပေးတာဘဲဖြစ်ရမယ်... အရေးပါတာတောင် တော်တော် အရေးပါတဲ့သူဖြစ်မှာ။

"ရတာပေါ့ သမီးရယ် အပူမလောင်အောင် သတိထားဦးနော်"

"ဟုတ်ကဲ့"

မင်းမချစ်ရင်ကောင်းမယ် 💔Where stories live. Discover now