💞ချစ်ဦးပုံပြင်💞
သစ်က ကြာသပတေးအသင်းဆိုတော့
ဒီနေ့ ကျူရှင်ကနေ ကျောင်းတစ်ခါထဲ လာခဲ့တယ်လေ
သစ်နာရီကြည့်တော့ ၈နာရီပင်ရှိသေးတယ်
"တော်တော်စောသွားတာပဲ ဗုဒ္ဓေါ ငါတစ်ယောက်တည်းလား သရဲခြောက်တယ်ဆိုလား"
သစ် တွေးမိသွားကာ ကျောပင်အေးလာသလိုလိုသစ် အခန်းနားရောက်တော့လဲ ဘယ်သူမှမရောက်သေး
ကျောင်းစောင့်က သော့ဖွင့်ပေးထားလို့ တော်ပါသေးရဲ့
သစ် အခန်းထဲဝင်တော့ ပြတင်းပေါက်များပင် မဖွင့်ရသေး အခန်းတစ်ခုလုံးမှောင်မိုက်နေလျက်"အမလေး မှောင်မဲနေတာပဲ အပြင်မှထွက်ထိုင်နေတာပဲ တော်ဦးမယ်"
သစ်က အမှောင်ကြောက်တတ်တဲ့သူလေ
သစ် အပြင်ဘက်သို့ ထွက်ဖို့ လှည့်လိုက်လျှင်ပဲ
သစ် လူတစ်ယောက်ရဲ့ ရင်ဘတ်အားခေါင်းဖြင့်တိုက်မိရင်း"အာ့....နာလိုက်တာ"
သစ် ခေါင်းလေးအားပွတ်ကာ ပြောနေလျက်
"သူကများနာရတယ်ရှိသေး ဒီကလူကိုလဲ အားနာပါဦးကွ သူ့ခေါင်းကြီးနဲ့"
သစ် မှတ်မိနေသော အသံနှင့် ရနေကျ ရေမွှေးနံ့ကြောင့်
သစ်မော့ကြည့်လိုက်ရာ မထင်မှတ်စွာပင်"ဟင်😳"
အခန်းထဲအနည်းငယ်မှောက်မိုက်နေပေမယ့်လည်း သစ်သူ့မျက်နှာကိုတော့ မမှားနိုင်
"မျက်တောင်လေးလဲ ခတ်ပါဦးဗျ ဒီကလူတောင် ရှက်လာပြီ"
သူပြောမှ သစ်သတိဝင်လာကာ ချောင်းလေးဟန့်ကာ နောက်သို့ခြေလှမ်းဆုတ်ရင်းသစ် ခုမှ သတိရသွားကာ
"ဟာ သစ်တို့အခန်းထဲ ဘယ်လိုရောက်နေတာလဲ တစ်ခုခုခိုးဖို့ပြင်နေတာလား"
"အဟွန့် ဥစ္စာတောင်ခြောက်နေသေးတယ် အကိုခိုးစရာဘာပစ္စည်းရှိလို့လဲ ဒါပေမယ့်"သူ သစ်ကို စေ့စေ့ကြည့်ကာ သစ်မျက်နှာအနီးသို့ငုံ့လာရင်း
သစ် လန့်ကာ
"ဘာ..ဘာလဲ"
"ညီမလေးကိုယ်ညီမလေး အရင်စိတ်ပူသင့်တယ်မလား အကိုခိုးမယ်ဆို ညီမလေးကိုပဲလေ"