Part (5)

130 12 2
                                    

ဝန်းကြီး၏ရှေ့ ကားလမ်းတစ်ဖက်တွင် ခင်ကြီးစင်တောင် ဟူသည့် မုခ်ဝကြီးရှိသည်။ ဝိုင်းကြီးသည် ခင်ကြီးစင် တောင်ကြီးကို မျက်နှာမူထားသဖြင့် ခင်ကြီးစင်တောင်ကြီးမှ အဝါဖျော့ရောင် နေမင်းကြီး ထွက်ပြူလာသည်ကို မြင်ရပါလိမ့်မည်။

ထနောင်းငယ်တို့ သုံးယောက် မျက်နှာသစ်သွားတိုက်ကာ ဝန်းအလယ်ရှိ တိုက်အိမ်သို့ မနက်စာစားရန် ထွက်လာကြသည်။ အလယ်အိမ်၏ အိမ်ရှေ့ အဖီရှေ့တွင် ခုံတန်းများချထားကာ ထမင်းကြော်နှင့် အကြော်စုံသည် စားပွဲပေါ်၌ အမွှေးတစ်ထောင်းထောင်းထွက်လျက် စားချင်စဖွယ်ပင်။

ထနောင်းတို့ သုံးယောက်လဲ စားပွဲအနီး ဟင်းချက်နေသည့် အဘွားနှင့် ဝန်းပေါက်တွင် နေပူဆာလှုံနေသော အဘိုးတို့ကို နှုတ်ဆက်ကာ ထမင်းစားပွဲသို့ ဝင်ထိုင်ကြသည်။ အိမ်သားအားလုံးက စားပြီးပြီထင်သည် တစ်ယောက်မှ အနီးတစ်‌ဝိုက်တွင်မတွေ့ရ။ သို့သော် အငယ်လေးနှစ်ယောက်သည် စားပွဲခုံရှေ့ တန်းလျားပေါ်၌ ထိုင်လျက် မနက်စာစားနေကြသည်။

ကလေးနှစ်ယောက်သည် စားနေရင်းမှ ထနောင်းငယ်တို့အားလှမ်းကြည့်ကြသည်။ အစကသိပ်မမှတ်မိကြသည်ထင်သည်။ အကြောင်သားထိုင်ကြည့်နေကြသည်။ ပြီးမှ မရဲတရဲဖြင့် ပြုံးပြလာသည်။

"ပိစိ ပေါက်စ အဲ့တာ ကိုငယ်လေ မှတ်မိလား ဒါက ကိုကိုလွန်း ဒီဘက်က မမမြတ်ကျေးတဲ့ မှတ်မိလား"

အဘွားသည် စားပွဲနားသို့ လျှောက်လာပြီး ထနောင်းငယ်တို့ကို ကလေးနှစ်ယောက်နှင့် မိတ်ဆက်ပေးသည်။ ပိစိနှင့် ပေါက်စသည် မမှတ်မိကြဟန် ပြုံးလျက်သာ ကြည့်ပြီး အစားကို ဆက်စားကြသည်။

"အဘွား ဘာဟင်းတွေချက်နေတာလဲ"

"မှို‌ကောင်းမင်းဟင်းလေ မြတ်ကျေး မြေးတို့အကြိုက် ကြက်သားဆီပြန်ဟင်းနဲ့ မန်းကျည်းချည်ရည်ဟင်း မြေးတို့ အရင်က အိမ်လာရင် ဒီဟင်းတွေချက်ကျွေးနေကြကို မချက်ကျွေးရတာကြာပြီမဟုတ်လား"

"ဒီနေ့ တော့ ထမင်းမြိန်ပြီ အဘွားရေ"

"မြေးတို့က ထမင်းမြိန်ပြီသာပြောတာ ရှင်းလေးက စားမှစားပါ့မလားမသိဘူး"

မြတ်နိုးရပါသော.... (မြတ်နိုးရပါသော....)(Uni + Zaw)Nơi câu chuyện tồn tại. Hãy khám phá bây giờ