Intro
20 4 0
UN
     ကောင်းကင်မှာထွန်းလင်းနေတဲ့နေမင်းကြီးကိုတိမ်စိုင်လေးတွေဖုံးလွှမ်းသွားပီးနောက်အုံ့မှိုင်းလာတဲ့ကောင်းကင်ထက်မိုးစက်လေးတွေမြေပြင်ပေါ်သို့ခုန်ဆင်းလာကြတယ်။စိမ်းစိုနေတဲ့မြက်ခင်းပြင်ပေါ်မိုးစက်လေးတွေတစ်စက်စီကျနေတာလေးကမျက်တောင်မခတ်တမ်းကြည့်ချင်စရာမြင်ကွင်းလေးတစ်ခု။
        ထို မြင်ကွင်းလေးကိုနှစ်ထပ်အိမ်အပြာရောင်တိုက်ပုလေးရဲ့ဝရန်တာကနေကြည့်နေတဲ့ကောင်လေးတစ်ယောက်။ကောင်လေးရဲ့မျက်ဝန်းထဲမှာလဲဝေ့တတ်နေတဲ့မိုးစက်လေးတွေရစ်သီနေခဲ့တယ်။     
          ထိုကောင်လေးကိုအနောက်ကနေနူးညံစွာပွေ့ဖတ်လိုက်တဲ့လက်တစ်စုံ။မိုးစက်လေးတွေကျနေတာကိုအတူရပ်ကြည့်နေကြတဲ့ကောင်လေးနှစ်ယောက်ရဲ့မြင်ကွင်းဟာလဲဘယ်လောက်နွေးထွေးစရာကောင်းလိုက်သလဲ။
     "ငယ်လေး" ဟု ခေါ်သံနဲ့အတူအနောက်ကနေခါးလေးကိုဖတ်ထားတဲ့လက်တစ်စုံကပိုတင်းကြပ်သွားတယ်။ငယ့်ရဲ့ခါးလေးကိုဖတ်ထားရင်ပုခုံးလေးပေါ်ခေါင်းလေးစောင်းတင်ပြီးချစ်ရတဲ့သူရဲ့မျက်နှာလေးကိုရှုစားနေမိတယ်။
       "အရင်ကအကြောင်းတွေပြန်တွေးနေပြန်ပီလားငယ်" မေးခွန်းသံအဆုံးငယ်ကနှုတ်ခမ်းထက်အပြုံးလေးတစ်ခုစီခြယ်ပြီးသူ့ခါးပေါ်ရစ်တွယ်ထားတဲ့လက်တစ်စုံကိုအပေါ်ကနေအုပ်မိုးပီးကိုင်လိုက်တယ်။
       "မေ့ပစ်ချင်ရင်တောင်မဖစ်နိုင်တဲ့အကြောင်းအရာတွေပဲအစ်ကို" ဟုပြောပီးကိုယ်နဲ့မျက်နှာချင်းဆိုင်လှည့်လာပီးကိုယ့်ခါးကိုပြန်ဖတ်လာတဲ့ကောင်လေး။နှစ်ယောက်သားမျက်ဝန်းချင်းဆုံစေပြီးကြည့်နေတာဘယ်လောက်တောင်ကြာသွားလဲမသိငယ့်ရဲ့စကားတစ်ခွန်းကလက်ရှိအခြေအနေကိုအသက်ပြန်ဝင်စေသည်။
     "အစ်ကိုကကျေးဇူးတင်တာကိုမကြိုက်ဘူးဆိုတာငကျ​ေနာ်သိပေမယ့်နောက်ဆုံးအကြိမ်အဖစ်ကျေးဇူးတင်ချင်လို့။ဟိုးအရင်အချိန်ကနေပီးအခုထိအခက်ခဲဆုံးအချိန်တွေတိုင်းဘေးကနေလက်တွဲမဖြုတ်ရှိနေပေးခဲ့တယ်။ပီးတော့အစ်ကို့ဘဝကိုကျနော့်အတွက်မြှုပ်နှံထားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်ကို" စကားသံလေးအဆုံးငယ့်ရဲ့ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်စလေးတွေ။ပါးပြင်ပေါ်ကမျက်ရည်စလေးတွေကိုအနူးညံဆုံးဖယ်ရှားပေးပီးငယ့်ရဲ့နှဖူးလေးပေါ်အနမ်းလေးတစ်ပွင့်ကျရောက်လာတယ်။
ZG
You've reached the end of published parts.
⏰ Last updated: Jan 16, 2021 ⏰
Add this story to your Library to get notified about new parts!
လွမ်းသောမိုးWhere stories live. Discover now