First time talking

258 34 1
                                    

Unicode

Seoul University ဆိုတဲ့ ကျောင်းရဲ့ ပရ၀ဏ်ထဲကို တတ်ကြွတဲ့‌ခြေလှမ်းတွေနဲ့  ၀င်ခဲ့တယ် သိပ်မမြင့်တဲ့ဒေါက်မြင့်အမဲလေးက ကိုယ့်ခြေဖြားမှာခစားတယ်

ဆောင်းကုန်ပြီး နွေဦးကာလရဲ့အစဖြစ်တာမလို့ ချယ်ရီပန်းတွေကဝေနေရောပဲ
အတိတ်နေ့က အမှတ်တရ လေးတစ်ခုကလဲ ခေါင်းထဲကိုဖြတ်ကနဲ၀င်လာတယ်

အချစ်ဦးအကြောင်းတွေမိတာနဲ့ ဘယ်ဘက်ကနှလုံးသားလေးက အလိုလျောက်ကြွတတ်လာတဲ့ အပြင်နှုတ်ခမ်းထက်မှာလဲ အပြုံးတစ်ပွင့်က ပန်ဆင်ပြီးသားး.....

ပင်သက်တစ်ချက်ရှိုက်လိုက်ရင်း လျော့ရဲရဲဖြစ်နေတဲ့ Eco bag ကကြိုးလေးကို ပုခုံးထိမတင်ကာ ကျောင်းထဲကိုခြေလှမ်းတွေဦးတည်ခဲ့တယ်

ကျောင်းက senior တွေဆီမှာကျောင်းသားကတ်သွားထုတ်ပြီး
ကျောင်းကြီးကို လှည့်လည်ကြည့်မိတဲ့အချိန်မှာ ရင်းနှီးတဲ့ အရိပ်ကလေးတစ်ခုက မျက်လုံးထောင့်ကနေ ဖြတ်ကနဲပဲ...

အရိပ်ကလေးရှိရာကို လိုက်ကြည့်မိတော့
ဟင်.....သူ.....

ဒီလောက်ဆိုရင် သူနဲ့ကိုယ့်ရဲ့ရေစက်ကမသေးဘူးလို့ပြောလို့ရမလား

ဆင်စွယ်ရောင်လည်ထောင် ဆွယ်တာပေါ်မှာ Jean လက်ရှည်အမဲကို skinny jeans အမဲနဲ့ တွဲဖတ်ဝတ်ဆင်ထားတဲ့သူကလေ တစ်ကယ် model ရှုံးတယ်

ဘေးနားကကောင်မလေးတွေကလဲ သူ့ကိုကြည့်ပြီးချောလိုက်တာ ဆိုပြီးပြောနေကြတာ ကိုယ့်နားနဲ့တောင်မဆန့်ချင်ဘူး

ဒီတက္ကသိုလ်မှာရော သူကိုယ့်ကို သိဦးမှာလား

အ!
သူ့ကိုငေးလို့ကောင်းနေချိန် တစ်ခုခုနဲ့၀င်တိုက်မိသလိုပဲ
"ဆောရီးနော် တို့မမြင်လိုက်လို့"

အော်လူနဲ့တိုက်မိတာပဲ
ကိုယ်နဲ့တိုက်မိလို့ ပြုတ်ကျသွားတဲ့ ပစ္စည်းတွေပြန်ကောင်ပေးရင်း
"ရပါတယ် တို့လဲငေးနေမိလို့"

"ဟွမ်အာရင်မ်း?"

ပြုတ်ကျသွားတဲ့ကိုယ့်ကျောင်းသားကဒ်က နာမည်ကိုဖတ်ရင်း ကိုယ့်ဆီကမ်းပေးလာတာမလို့ သူ့လက်ထဲက ကဒ်ကိုယူလိုက်သည်
"အွန်း ‌ကျေးဇူး..."

ဖြစ်တည်မှု/ ျဖစ္တည္မႈWhere stories live. Discover now