Unicode
Special Credit For 'The Hows Of Us´movie.
ဇာတ်ကြောင်းအကုန်မတူပါ ကြိုက်လွန်းလို့Remarkလုပ်ပြီးပြန်ရေးတာပါ။
This story is a gift for juecherryoo's birthday.
• • • • • • • • • • • • • • • • • • •
ဆေးကျွတ်နေသည့်နေရာတွေမှာ သံချေးတက်နေသည့် တံခါးအိုလေးကို ရိပေါ်သော့ဖွင့်ပြီး သစ်ရွက်ခြောက်တချို့နှင့် ရှုပ်နေသည့် ခြံလေးထဲသို့ ဝင်ခဲ့လိုက်သည်။အိမ်တံခါးမရောက်အောင် သစ်သားလှေကားလေးမှ တက်လိုက်ပြီး မပြောင်းလဲသေးသည့် သော့ခလောက်ကြီးကြီးထဲသို့ ခြံတံခါးကိုဖွင့်ခဲ့သည့် သော့နှင့်တွဲယှက် နောက်ထပ်သော့တစ်ချောင်းကိုထိုးသွင်းကာဖွင့်လိုက်သည်။
တံခါးကိုဖွင့်ပြီး ဝင်ဝင်ချင်း တွေ့လိုက်ရသည်က နှစ်ချို့နေသည့် ဆိုဖာလေးတစ်လုံးပင်။တချို့နေရာတွေမှာ ပေါက်ပြဲရာတွေရှိနေပြီး တချို့ကိုတော့ တိပ်နဲ့ဖာထေးထားသည်။ဘေးသိုင်းလွယ်ထားသည့် ခပ်နွမ်းနွမ်းအိတ်လေးကို ဆိုဖာပေါ်သို့ တင်လိုက်ပြီး အိမ်ထဲကို နှံ့နှံ့စပ်စပ်ကြည့်လိုက်သည်။အရင်တုန်းကအတိုင်း ဘာမှမပြောင်းလဲသေးတာတော့အမှန်ပင်။အတိတ်ကအကြောင်းတွေ ခေါင်းထဲတန်းစီဝင်လာတော့ လွမ်းတာလိုလို၊ဆွေးတာလိုလိုနှင့် စိတ်ထဲမှာ အမျိုးအမည်မသိသည့် ခံစားချက်ကြီးက အလုအယက်တိုးဝင်လာသည်။
လျှောက်လမ်းဘေးက နံရံပေါ်မှာချိတ်ထားသည့် ဖွားဖွားထုံရဲ့ပုံကတော့ အရင်လို ဖုန်တစ်စက်မှ ရှိမနေ။ရိပေါ် ဖွားဖွားထုံပုံကို လက်နှင့်တို့ထိဖို့ ကြံရွယ်နေတုန်း တံခါးဂျက်ပွင့်သံကြားလိုက်တာကြောင့် ခေါင်းကချာခနဲ အသံကြားရာဘက်သို့လှည့်သွားမိသည်။
"မင်း!!!!"
ပေါင်လယ်မရောက်တစ်ရောက် ရှပ်အင်္ကျီအဖြူကို boxerအနက်ရောင်တစ်ထည်နဲ့သာဝတ်ထားပြီး ပုခုံးပေါ်တဘက်တင်၍ တဝါးဝါးသမ်းကာ အခန်းထဲမှ ထွက်လာသည့် ရှောင်းကျန့်က ရိပေါ်ကို မြင်တာနဲ့အော်တော့သည်။ရိပေါ်ကလည်း ထင်မထားသည့်အတွက်ကြောင့် လှမ်းအော်မိလိုက်၍ နှစ်ယောက်လုံးရဲ့အသံက အိမ်ထဲမှာ ဟိန်းထွက်သွားသည်။
YOU ARE READING
🍂𝐴𝑢𝑡𝑢𝑚𝑛🍂{One Shot Collection}
Fanfictionမီးရထားအူသံကို ဟင်းလင်းဖစ်နေတဲ့နှလုံးသားကြီးနဲ့ နားထောင်ဖူးတယ်........ အိမ်ရှေ့ကပန်းခြံထဲမှာ တနေလုံးပန်းချီရေးရင်းအချိန်ကုန်ဖူးတယ် ......... စိတ်ဝင်စားစရာမရှိတဲ့ ဘဝကြီးမှာ ပထမဆုံးမြတ်နိုးမိခဲ့တဲ့ လူသားလေးနှစ်ယောက်အတွက် အဆုံးမရှိတဲ့တန်ဖိုးထားမှုတွ...