Unicode
'အဟမ်း!!! အဟမ်း!! ကျုပ်က ကြက်တစ်ကောင်ပါ။သိပ်ကိုခန့်ညားတဲ့ကြက်။´
မြောက်ပိုင်းရဲ့ ခြံဝန်းကျယ်ကြီးထဲမှာ နေထိုင်တယ်။သစ်တော်သီးပင်နဲ့ ပန်းသီးပင်တွေဆိုတာ ကျုပ်တို့ခြံထဲ အောတိုက်ပဲ။ဥနီတွေနဲ့ မုန်ညှင်းတွေကိုလည်း အတော်များများ ပျိုးထားသေး။အိုး အများဆုံး စိုက်ထားတာတော့ နံနံပင်တွေလေ ကျုပ်တို့အိမ်ကြီးရှင် သိပ်ကြိုက်တာ။အားလားလား ကျုပ်ကတော့ မကြိုက်ပေါင်။"ကိုယ့်သားကို နိုင်အောင်စောင့်ရှောက်ပါ့လား
ကျွန်တော့်ကို အပူတွေလာမပေးနဲ့!!!!"အော်သံနဲ့အတူ လေထဲပျံလာတဲ့ ပန်းအိုးတစ်လုံး။ဘုရား . . ဘုရား ကျုပ်မှာမနဲရှောင်လိုက်ရတယ်။အိမ်ကြီးရှင်က စတင်သောင်းကျန်းနေပြီ။နှစ်တစ်နှစ်ရဲ့ ရုံးပိတ်ရက်တစ်ရက်မှာ အိမ်ကြီးရှင်ရဲ့ သွေးမတော်သားမစပ် အဒေါ်က ကျုပ်တို့ခြံကို ရောက်လာနေကျ။အိမ်ကြီးရှင် ဘာတွေများလိုအပ်လည်း လာရောက်ကြည့်ရှုပေးတယ်လေ။
"ရှောင်းငယ်ရောဂါက မြို့ပြနဲ့ဆို ပိုဆိုးမှာ
ခြံဝန်းကျယ်ကျယ်နဲ့ လေကောင်းလေသန့်ရတဲ့နေရာလေးကမှ သူနဲ့အဆင်ပြေမှာမို့လို့ပါကွယ်"သူမသားက ပန်းနာရင်ကြပ်ရောဂါသည်တစ်ယောက်လေ။ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါတွေများ ဖြစ်လိုက်ကျတာ။အိမ်ကြီးရှင်ကိုယ်တိုင်လည်း အောက်ပိုင်းသေနေတဲ့ ဒုက္ခိတလေးပင်။ကျုပ်ဒီခြံကို စရောက်ထဲက အဲ့ဒီဘီးလုံးပါတဲ့ကုလားထိုင်ကြီးပေါ်မှာနေရင်း အိမ်ကြီးရှင်က နေ့တိုင်းဒေါသထွက်နေတော့တာ။
"ဟာ! အန်တီဒေစီယောကျ်ားဘက်က အမျိုးတွေရွာမှာလည်း ထားရနေတာပဲ"
"ဝမ်လေးရယ် တီတီဒီတစ်ခါပဲ သားကိုတောင်းဆိုဖူးတာပါ။သားလည်း ရှောင်းငယ်နဲ့ဆို အဖော်ရသွားမှာပေါ့။"
အဲ့ဒါတော့ဟုတ်တယ်။အိမ်ကြီးရှင်က ၁၂နှစ်အရွယ်ထဲက တစ်ယောက်တည်း ရပ်တည်နေတာ။အိမ်ထိန်းတွေခေါ်ပေးလည်း အိမ်ကြီးရှင်ရဲ့ အော်ငေါက်ဒဏ်တွေ မခံနိုင်လို့ ဒီခြံကြီးထဲက ထွက်ခွာသွားကြတာချည်းပင်။
YOU ARE READING
🍂𝐴𝑢𝑡𝑢𝑚𝑛🍂{One Shot Collection}
Fanfictionမီးရထားအူသံကို ဟင်းလင်းဖစ်နေတဲ့နှလုံးသားကြီးနဲ့ နားထောင်ဖူးတယ်........ အိမ်ရှေ့ကပန်းခြံထဲမှာ တနေလုံးပန်းချီရေးရင်းအချိန်ကုန်ဖူးတယ် ......... စိတ်ဝင်စားစရာမရှိတဲ့ ဘဝကြီးမှာ ပထမဆုံးမြတ်နိုးမိခဲ့တဲ့ လူသားလေးနှစ်ယောက်အတွက် အဆုံးမရှိတဲ့တန်ဖိုးထားမှုတွ...