[2.5]

2.3K 355 5
                                    

[Zawgyi]

အမတ်ချုပ်၏ သူနှင့် ပတ်သက်သော သဘောထားကို ကြားသည်နှင့် ဖန့်ထိုသည် မျက်လွှာချလိုက်ပြီး သူ့အသံမှာ ချက်ချင်းအေးစက်သွားခဲ့သည်။ သူသည် ထိုသို့သော စီစဉ်မှုများကို ယခင်ကတည်းက သဘောမကျခဲ့ချေ။

ပို၍ အရေးကြီးသည်မှာ သူသည် သူ့နှလုံးသားအား အခြားသူတစ်ယောက်ကို ပေးထားပြီးသား ဖြစ်သည်။

"အမတ်ချုပ်က စေတနာကို ထုတ်ပြပေမယ့် ဒီနိမ့်ကျသေးတဲ့ အရာရှိက လောလောဆယ် အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက် မရှိသေးပါဘူး"

အမတ်ချုပ်ယဲ့သည် ဖန့်ထိုကို လေးစားပြီး လူငယ်မှာ အစွမ်းအစရှိသော လူတစ်ယောက် ဖြစ်လာနိုင်သည်ဟု အမြဲခံစားခဲ့ရသည်။ ထို့ပြင် သူ၏ အနေအထိုင်၊ အပြုအမူနှင့် ရုပ်ရည်သွင်ပြင်တွင် မည်သည်ကမှ အပြစ်ပြောစရာမရှိပေ။

ဆိုးသည်မှာ သူ့သမီးလေးသည် ငယ်စဉ်ကတည်းက အလိုလိုက်ခံရပြီး ကြီးပြင်းလာခဲ့သည်။ သူသည်လည်း သူ့သမီးလေးအား သူ(ဖန့်ထို)ဆင်းရဲနေချိန်တွင် လက်ထပ်ပေးလိုက်လိုခြင်း မရှိပေ။ ထို့ကြောင့် ဖန့်ထိုပြောသည့်စကားကို ကြားသောအခါတွင် မျက်နှာတစ်ချက်တောင် ပျက်မသွားခဲ့ပေ။

"ယောက်ျားတစ်ယောက်က ဒီလိုမျိုးတွေးတတ်တာ တကယ်တော်ပါပေတယ်"

ကားချပ်နောက်မှ ယဲ့သခင်မ၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့သည်။ သို့သော် အဆုံးသတ်တွင် သူမ ဘာမှမပြောခဲ့ချေ။

သူမသည် လက်ဟန်သာ ပြလိုက်ပြီး ယဲ့ရှောက်ဟွာအား အရင်ထွက်သွားစေလိုက်သည်။

ယဲ့ဟွိုက်ကျင်းသည် သူမပြန်လာသော သတင်းကို ကြားသောကြောင့် ရုံးတော်မှ စောစောပြန်လာခဲ့သည်။

"ဘာလို့ အစောကြီးလဲ"

ယဲ့ရှောက်ဟွာသည် လျှောက်လမ်း၏ အဆုံးနားတွင်သာ ရှိနေသေးသည်။ သူမသည် သူမရှိရာသို့ ပျော်ရွှင်သွားသည့် အမူအရာဖြင့် လာနေသည့် ယဲ့ဟွိုက်ကျင်းအား မြင်သောအခါ ကြောင်အနေခဲ့သည်။

သူမ၏ နှလုံးအိမ်သည် အနည်းငယ် တင်းကြပ်သွားခဲ့သည်။ လွန်ခဲ့သည့် နှစ်များအတွင်း ယဲ့အိမ်တော်၏ အခြေအနေ မကောင်းသည်မှာ သိသာလှသည်။ အနှီပိုင်ကျန်းကျန်းသည် နောက်ကွယ်တွင် သူမ၏ အကြံအစည်များကို လုပ်ဆောင်နေခဲ့သည်။

『 Special Agent's Rebirth 』- 【ARC.2】Where stories live. Discover now