Zawgyi
ဒါတွေအားလုံးက အဲ့ဒိအမျိုးသမီးကြောင့်ဘဲ Mommy နဲ့ ကွဲ ပြီး Daddy က
ခပ်ချောချော နဲ့ကိုယ်လုံးကိုယ်ပေါက်လှတဲ့
မိန်းမ တစ်ယောက် ကိုအိမ်ပေါ်ခေါ်တင်
လာတယ်အဲ့အချိန်မှာကျွန်မအသက်က ၁၆နှစ်
Daddy က ဆယ်တန်းပြီးခါစ မို့လို့ပျော်နေ
တဲ့ ကျွန်မရဲ့အပျော်တွေကိုအဲ့မိန်းမကိုအိမ်
ပေါ်ခေါ်တင်လာပြီးအပျော်တွေပျက်စေခဲ့တာ။
ကျွန်မ ကို ပြုံးကြည့်ရင်း Daddy ကအဲ့မိန်းမ
ပုခုံးကိုဖက်ရင်းပြောလာတဲ့စကားက"ဒါက သမီးရဲ့မေမေလေးဘဲ သမီး.."
Daddy ရဲ့စကားကိုကြားပြီး ပြုံးနေတဲ့ကျွန်မ
မျက်နာဟာ ရုတ်ချည်းတည်တန့်ပြီးအလို
မကျစွာမျက်မှောင်ကြုံ့လိုက်မိသည်။ဒါကို
ရိပ်စားမိတဲ့ အဲ့ဒိမိန်းမက ကျွန်မ ကိုပြုံးပြရင်း"ချက်ချင်းကြီးလက်ခံယူဖို့မလိုပါဘူးကလေး..
ဒို့တွေညှိလို့ရပါတယ် အချိန်ဘယ်လောက်
ကြာကြာ.."ကလေး..ကလေးတဲ့အဲ့မိန်းမရဲ့ကလေးလို့
ခေါ်သံကကျွန်မရဲ့နားကိုယားကျိကျိဖြစ်
စေတယ်။ အချိန်ဘယ်လောက် ကြာကြာ
ဆိုတဲ့စကားအရအဲ့မိန်းမကအခုကျွန်မတို့နဲ့
အတူလာနေတော့မှာမဟုတ်လား!?။
ကျွန်မ အဲ့ဒိအမျိုးသမီးကို ဘာမှပြန်ပြော
မနေဘဲကိုယ့်အခန်းထဲကို ဝင်ပြီးတံခါး
ကိုဂျိန်းခနဲအသံမည်အောင် ဆောင့်ပိတ်
ပစ်လိုက်သည်။ လှည့်ထွက် လာလာချင်း
Daddy က သူမရဲ့လက်မောင်း ကိုပွတ်ပေး
ပြီးအဆင်ပြေသွားမှာပါမေရယ်တဲ့လေ။သုံးနှစ် သုံးနှစ်ရှိပြီ အဲ့ဒိမေဆိုတဲ့ကျွန်မအဖေ
ရဲ့အမျိုးသမီးနဲ့အတူတူနေလာကြတာသုံးနှစ်။
တူတူနေလာကြတဲ့သုံးနှစ်လုံးလုံး စကား
ဆိုလို့မေးထူးခေါ်ပြောလောက်ဘဲရှိခဲ့တာ။
ဘာလို့လဲဆိုတော့ကျွန်မကရှောင်တယ်လေ
ဘာလို့ ရှောင်ခဲ့တာလည်းဆိုတော့..အဲ့ဒိ
မေဆိုတဲ့ အမျိုးသမီးက ကျွန်မ ကျောင်းတုန်း
က သဘောကျ ခဲ့ရတဲ့ကျွန်မဆရာမရဲ့
သူငယ်ချင်း..။ဘယ်သူကထင်မှာလည်းကိုယ်
သဘောကျရတဲ့သူကကိုယ့်မိထွေးဖြစ်လာ
လိမ့်မယ်လို့လေ..။ အဲ့ဒိအမျိုးသမီးနဲ့နီး
ကပ်သွားတိုင်းအလိုက်မသိခုန်လာတဲ့
နှလုံးသားကြောင့်ခပ်ခွာခွာဘဲနေမိနေတာမဖြစ်
သင့်ဘူး..ရင်မခုန်သင့်တော့ဘူးဘာလို့လည်း
ဆိုတော့သူကကျွန်မအဖေရဲ့ အမျိုးသမီးဘဲ။