Daddy ရဲ့အမျိုးသမီးကျွန်မရဲ့ဇနီး(one shot)

11.6K 582 46
                                    

Zawgyi

ဒါတွေအားလုံးက အဲ့ဒိအမျိုးသမီးကြောင့်ဘဲ Mommy နဲ့ ကွဲ ပြီး Daddy က
ခပ်ချောချော နဲ့ကိုယ်လုံးကိုယ်ပေါက်လှတဲ့
မိန်းမ တစ်ယောက် ကိုအိမ်ပေါ်ခေါ်တင်
လာတယ်အဲ့အချိန်မှာကျွန်မအသက်က ၁၆နှစ်
Daddy က ဆယ်တန်းပြီးခါစ မို့လို့ပျော်နေ
တဲ့ ကျွန်မရဲ့အပျော်တွေကိုအဲ့မိန်းမကိုအိမ်
ပေါ်ခေါ်တင်လာပြီးအပျော်တွေပျက်စေခဲ့တာ။
ကျွန်မ ကို ပြုံးကြည့်ရင်း Daddy ကအဲ့မိန်းမ
ပုခုံးကိုဖက်ရင်းပြောလာတဲ့စကားက

"ဒါက သမီးရဲ့မေမေလေးဘဲ သမီး.."

Daddy ရဲ့စကားကိုကြားပြီး ပြုံးနေတဲ့ကျွန်မ
မျက်နာဟာ ရုတ်ချည်းတည်တန့်ပြီးအလို
မကျစွာမျက်မှောင်ကြုံ့လိုက်မိသည်။ဒါကို
ရိပ်စားမိတဲ့ အဲ့ဒိမိန်းမက ကျွန်မ ကိုပြုံးပြရင်း

"ချက်ချင်းကြီးလက်ခံယူဖို့မလိုပါဘူးကလေး..
ဒို့တွေညှိလို့ရပါတယ် အချိန်ဘယ်လောက်
ကြာကြာ.."

ကလေး..ကလေးတဲ့အဲ့မိန်းမရဲ့ကလေးလို့
ခေါ်သံကကျွန်မရဲ့နားကိုယားကျိကျိဖြစ်
စေတယ်။ အချိန်ဘယ်လောက် ကြာကြာ
ဆိုတဲ့စကားအရအဲ့မိန်းမကအခုကျွန်မတို့နဲ့
အတူလာနေတော့မှာမဟုတ်လား!?။
ကျွန်မ အဲ့ဒိအမျိုးသမီးကို ဘာမှပြန်ပြော
မနေဘဲကိုယ့်အခန်းထဲကို ဝင်ပြီးတံခါး
ကိုဂျိန်းခနဲအသံမည်အောင် ဆောင့်ပိတ်
ပစ်လိုက်သည်။  လှည့်ထွက် လာလာချင်း
Daddy က သူမရဲ့လက်မောင်း ကိုပွတ်ပေး
ပြီးအဆင်ပြေသွားမှာပါမေရယ်တဲ့လေ။

သုံးနှစ် သုံးနှစ်ရှိပြီ အဲ့ဒိမေဆိုတဲ့ကျွန်မအဖေ
ရဲ့အမျိုးသမီးနဲ့အတူတူနေလာကြတာသုံးနှစ်။
တူတူနေလာကြတဲ့သုံးနှစ်လုံးလုံး စကား
ဆိုလို့မေးထူးခေါ်ပြောလောက်ဘဲရှိခဲ့တာ။
ဘာလို့လဲဆိုတော့ကျွန်မကရှောင်တယ်လေ
ဘာလို့ ရှောင်ခဲ့တာလည်းဆိုတော့..အဲ့ဒိ
မေဆိုတဲ့ အမျိုးသမီးက ကျွန်မ ကျောင်းတုန်း
က သဘောကျ ခဲ့ရတဲ့ကျွန်မဆရာမရဲ့
သူငယ်ချင်း..။ဘယ်သူကထင်မှာလည်းကိုယ်
သဘောကျရတဲ့သူကကိုယ့်မိထွေးဖြစ်လာ
လိမ့်မယ်လို့လေ..။ အဲ့ဒိအမျိုးသမီးနဲ့နီး
ကပ်သွားတိုင်းအလိုက်မသိခုန်လာတဲ့
နှလုံးသားကြောင့်ခပ်ခွာခွာဘဲနေမိနေတာမဖြစ်
သင့်ဘူး..ရင်မခုန်သင့်တော့ဘူးဘာလို့လည်း
ဆိုတော့သူကကျွန်မအဖေရဲ့ အမျိုးသမီးဘဲ။

You've reached the end of published parts.

⏰ Last updated: Jan 19, 2021 ⏰

Add this story to your Library to get notified about new parts!

Daddy ရဲ့အမျိုးသမီးကျွန်မရဲ့ဇနီး( One Shot)Where stories live. Discover now