Part 1❤
"Jungkook...မင်းအခုတလောဘာတွေဖြစ်နေတာလဲ? ဒီကကွက်လေးတောင်မှန်အောင်မလုပ်နိုင်ဘူးလား?!"
"တေ-တာင်းပန်ပါတယ်..ကျွန်တော်ပိုကြိုးစားပါ့မယ်"
၀ိုင်းစက်နေတဲ့မျက်၀န်းကြီးတွေထဲမှာ ပြောင်လက်လက်အရောင်လေးတွေထင်ပေါ်လာခဲ့ပါတယ်
"မင်းယောင်္ကျားလေးမဟုတ်ဘူးလား? တစိတ်လေးရှိရင် ငိုငိုနေရအောင်.."
အဲ့ဒီစကားလုံးတွေက အငယ်ဆုံးလေးကို တအားနာကျင်စေခဲ့တာ..ငယ်ငယ်ကတည်းက မိဘတွေနဲ့ခွဲနေခဲ့ရပီးအားငယ်တက်တဲ့အကျင့်လေးလဲရှိတော့ အကိုတွေကို ချွဲပီးပေကပ်ကပ်လုပ်တက်တဲ့ကလေးလေးမလို့ပါ..
Jungkookလေးလဲ managerရဲ့ ဆူသံကိုကြား ကြားချင်းဆိုသလို မျက်ရည်တွေကိုသုတ် လိုက်ပီး ခေါင်းကို အောက်ငုံ့ထားလိုက်ပါတယ်
"ကဲ အားလုံးပြန်စကြမယ်..ဒီတခေါက် မမှားစေနဲ့ကြားလားJungkook?"
"ဟု-ဟုတ်"
"Hana...dul..set.."
*Song
အငယ်ဆုံးလေးက စည်းချက်နဲ့အညီ မမှားအောင် ကြိုးစားပီးကနေတာပေါ့..
"ဟုတ်ပီ..."
Managerကြီးလဲ Jungkookရဲ့ရုပ်တရက်တိုးတက်လာမှုကိုကြည့်ပီး ဂုဏ်ယူလို့မဆုံးဖြစ်နေချိန်မှာဘဲ
"ဘုန်းးးး"
"အားးးး"
Practiceလုပ်နေတုန်းTaeက နေရာမှားယူလိုက်တာကြောင့် Jkကိုတိုက်မိသွားပါတယ်
Jkလဲ အရှိန်မထိန်းနိုင်ဖြစ်သွားပီး ခြေထောက်ခေါက်ကာ လဲကျသွားတာပေါ့
"Jungkook ah..ရလား?"
"Kook..အဆင်ပြေလား?"
"ဘာဖြစ်သွားသေးလဲ?"
Memberများမှစိတ်ပူစွာမေးနေသောအသံများ
Jungkookလေးမှာ ဒဏ်ရာရဲ့ပြင်းစွာသော နာကျင်မှုကြောင့် အော်ငိုလိုက်ချင်ပေမဲ့ manager nimရဲ့စကားကို သတိရပီးမငိုဘဲထိန်းထားလိုက်ပါတယ်
"ရ-ရပါတယ်...."
ပြောလိုက်သောသံမှာအက်သွားပီး ငိုသံထွက်လာတာကြောင့်memberတွေအကုန် Taeဘက်ကို လှည့်ကြည့်လိုက်ကြပါတဟ်