Chapter 21🤍

8.5K 446 75
                                    

Unicoad

>>>အတ္တနှောင်ကြိုး <<<

ဦးထုပ်လေးငိုက်ဆိုက်ဆောင်းပြီးမျက်လုံးအစုံကိုပတ်တီးတို့စည်းနှောင်ထားတဲ့ကျွန်တော်က တုတ်ကောက်အကူအညီနဲ့
လေယာဥ်ကွင်းကိုရောက်နေခဲ့သည်။

နောက်ဆုံးအနေနဲ့မောင်တည်ရှိရာနိုင်ငံရဲ့အငွေ့အသက်လေးတွေတစ်ဝကြီးရှူရှိုက်နေမိသည်။စိတ်ထဲမှာတော့အမှန်တစ်ကယ်နာကျင်နေတာမလို့ သိပ်တော့အဆင်မပြေလှပါ။

"သာယာလေး"

"ဗျာ..ကိုကို"

"လေယာဥ်ပေါ်တက်ရအောင်နော်"

"ဟုတ်"

ကိုကို့လက်ကလေးကိုချိတ်ပြီးထွက်လာခဲ့သည်။ကိုကိုအခုတော့မငိုတော့ပါ။
ကျွန်တော့်ကိုဒီပုံစံနဲ့တွေ့လိုက်ရတဲ့အချိန်တုန်းက ကိုကိုလဲသေလောက်အောင်ငိုနေခဲ့သည်။ ဝမ်းနည်းပေမဲ့ကျွန်တော်လိုက်မငိုပေးဖြစ်ခဲ့ပါဘူး။ ဘာလို့ဆိုငိုဖို့တွက်ကျွန်တော့်မှာမျက်လုံးလေးတွေရှိမနေတော့ဘူးလေ...

ကိုကိုကပြောတယ် သူ့ကြောင့်ကျွန်တော်ခုလိုတွေပေးဆပ်နေရတာတဲ့
အမှန်တော့မဟုတ်ပါဘူးကိုကိုရယ်.....
ကျွန်တော်ကိုယ်တိုင်ကဝဋ်ကြွေးဆပ်ဖို့မွေးဖွားလာခဲ့ပြီး အချစ်ခံဖို့အသားမကျခဲ့တာလေးတစ်ခုပါပဲ။

လေယာဥ်ပေါ်ရောက်တော့ကိုကိုကအစစအရာရာအကုန်လုပ်ပေးပြီး

"သာယာလေး...အဆင်ပြေရဲ့လား နာနေမှာပေါ့နော်"

"မနာပါဘူးကိုကို စိတ်မပူပါနဲ့ ကျွန်တော်အဆင်ပြေပါတယ်"

ကျွန်တော့်စကားတစ်ခွန်းကြောင့်တစ်ပါးသူငြိမ်းချမ်းရရင်ပဲ နာကျင်နေ‌ေတာင်ဖြေသာတာမလို့ ဟန်ဆောင်ကောင်းရပြန်သည်လေ။

"အချစ်ကြီးလိုက်တဲ့ကလေးလေး..."

"ကျွန်တော့်ကိုပြောတာလား "

"ဒါပေါ့ ကိုကို့သာယာလေးသိပ်အချစ်ကြီးတယ်နော်"

"အဟင်း...ကိုကိုသိလား အချစ်ကြီးတာမကောင်းဘူးဗျ"

"ဘာလို့လဲကိုကိုမသိလို့ပြောပြပါအုံး"

"အချစ်ကြီးတဲ့သူတွေက ပိုပြီးနာကျင်ရတယ် ပိုပြီးပင်ပန်းရတယ် နောက်ဆုံး ပြန်ပြီးအချစ်ခံရဖို့တောင်မထိုက်တန်တဲ့ထိအောင် ဥပေက္ခာတွေပိုင်ဆိုင်ရတတ်တယ်"

အတ္တနှောင်ကြိုး (Uni+ Zaw) {Complete }Where stories live. Discover now