ဥယျာဉ်သဖွယ် ပန်းပင်များခြုံရုံထားသော နှစ်ထပ်အိမ်
လေးတစ်ခုစီမှ ခပ်သုတ်သုတ်ခြေလှမ်းများနှင့် ဖြူသေး
သေးကောင်လေးတစ်ယောက် အလျင်စလိုထွက်လာသည့်
မြင်ကွင်းက အနည်းငယ်တော့ ဗရုတ်သုတ်ခနိုင်လေသည်။
သို့သော် နေ့စဉ်ဖြစ်ပျက်နေကျ မြင်ကွင်းမို့ ဖြတ်သွား
ဖြတ်လာများအတွက်တော့ ထူးဆန်းမနေ...1200cm×1800cm ကျယ်ဝန်းသော ခြံကျယ်ကျယ်နှင့်
နှစ်ထပ်ပါသောအိမ်ကောင်းကောင်းတွင် ဤလူဖြူလေး
တစ်ယောက်တည်း နေထိုင်ရဲသည်ကို ပတ်ဝန်းကျင်က
လူတိုင်းကလည်း အံ့ဩရသည်ပင် ။*အခန်းငှားရန်ရှိသည်*
လောလတ်လတ်ရေးထားသော ဆိုင်းဘုတ်ပြားလေးအား
အုတ်နံရံသံတွင် ကပ်သင့်မကပ်သင့် သူတုံ့ဆိုင်းနေသည် ။
ခြံရှေ့မတ်တပ်ရပ်နေသည်က အတော်ပင်ကြာနေရော့ပြီ ။'ဟူး...မတတ်နိုင်ဘူး...အပိုဝင်ငွေလေးရအောင်တော့...
ငါငှားရမှာပဲ...'စိတ်ဒုန်းဒုန်းချကာ ယွန်းဂီတစ်ယောက် ဆိုင်းဘုတ်ပြားကို
ခြံရှေ့အုတ်နံရံတွင် ချိတ်ဆွဲလိုက်သည် ။ထို့နောက်
အသင့်ယူလာသော တံမြက်စည်းအားဆွဲယူကာ
လမ်းပေါ်မှအမှိုက်စတစ်ချို့ကို လှည်းကျင်းနေလိုက်သည်။'ဒီမှာ...ဦးလေးကြီး...'
ခေါ်သံကြားသော်လည်း သူ့ကိုခေါ်သည်မထင်တာကြောင့်
လှည့်မကြည့်ဖြစ် ။နဂိုထဲက ရာဇအိနြေ္ဒကြောင့် စပ်စုခြင်း
ကလည်း သူ့ဝါသနာမဟုတ် ။'ဒီမှာ...ကျွန်တော်ခေါ်နေတယ်လေဗျာ...မကြားဘူးလား...
ဦးလေး...'ကိုယ့်ကိုကိုယ်အမွှန်းတင်စိတ်ဝင်ရင်း ပြုံးစစအလုပ်ဆက်
လုပ်နေတဲ့ သူ့တံတောင်ဆစ်မှ အင်္ကျီစအား လာဆွဲသော
လက်တစ်ဖက် ။ စိတ်ထဲထောင်းခနဲ ဖြစ်သွားတာကြောင့်
တံမြတ်စည်းနှင့်ပြန်ရွယ်လိုက်သည့်အခါ နောက်သို့တစ်
လှမ်းဆုတ်သွားသည့် လူတစ်ယောက် ။'မှား...မှားမယ်နော်...စိတ်လျှော့...ဦးလေး...'
'ဘယ်သူ့ကို...ဦးလေးကြီးလို့ခေါ်လိုက်တာလဲ...?'
'ဦးလေးဆိုမှတော့...ဦးလေးကိုပေါ့...ဒီမှာ ဦးလေးပဲရှိတာ
လေ...'