Unicode

498 62 3
                                        

ငါ Qiu Li ကိုရှာတွေ့တော့ သူအသက်ရှုရပ်နေခဲ့ပြီ၊ သူုရဲ့ ရောင်ရမ်းနေတဲ့ ခန္ဓာကိုယ်က မြစ်ကမ်းပါးမှာ ရှိနေခဲ့ပြီး သူ့မျက်နှာမှာလဲ အမှိုက်သရိုက်​တွေကပ်နေခဲ့တယ်။

သူသေသွားပြီ။

ငါငယ်ငယ်လေးထဲက သူသေသွားဖို့အတွက် ခနခနကြိမ်ဆဲခဲ့တယ်။ အခုတော့ သူသေသွားခဲ့ပြီ။ အဲ့အတွက် ငါ့ကိုအပြစ်တင်လို့မရဘူး villain အဖြစ်​မွေးဖွားလာတဲ့ သူ့ကိုယ်သူသာအပြစ်တင်ရမယ်။

သူနဲ့ပက်သက်ပြီး ငါမှတ်မိခဲ့တဲ့ ပထမဆုံးမှတ်ဉာဏ်က Qiu Liက အနီရောင်ပန်းကန်လုံးကိုကိုင်ထားတယ်။ ပြီးတော့ ဇွန်းအပြည့်ထည့်ထားတဲ့ဆန်ပြုတ်တွေကို ငါ့အပေါ်လောင်းချခဲ့တယ်။ အဲ့မတိုင်မှီနဲ့ ဖြစ်ပြီးခဲ့တဲ့ ကိစ္စတွေကိုတော့ ငါရှင်းရှင်းလင်းလင်းမမှတ်မိတော့ဘူး။ ငါမှတ်မိတာတစ်ခုကတော့ သူ့ရဲ့မကောင်းတာလုပ်နေတဲ့အချိန်က ဆိုးဝါးတဲ့မျက်နှာအမှုအရာကိုပဲ။

ငါအသက်နည်းနည်းကြီးလာတဲ့အချိန်မှာ ငါ့အိမ်နီးချင်း Qiu Li နဲ့ကစားရမှာထက် ငါ့အတန်းဖော်ရဲ့အိမ်အဝေးကြီးကိုလမ်းလျှောက်သွားရတာကို ပိုကြိုက်တယ်။

သူကအမြဲတမ်း ငါ့ဘာဘီအရုပ်တွေ ရာဘာအရုပ်တွေနဲ့ ငါ့ရဲ့စွန်တွေကိုလုပြေးပြီး ဖျက်စီးပြစ်တယ်။ ငါ့မျက်နှာမှာ မျက်ရည်တွေနဲ့ပြည့်ပြီး နာရည်တွေကျတဲ့အထိငိုခဲ့ရတယ်။ ကမ္ဘာကြီးအဆုံးသတ်တော့မလို ငိုနေတဲ့ငါ့ကိုကြည့်ပြီး သူကပျော်ရွင်စွာနဲ့ပြုံးနေတတ်တယ်။

"မင့်အရုပ်တွေနဲ့ မကစားနဲ့ ငါနဲ့ကစား" လို့သူပြောလေ့ရှိတယ်။မဖြစ်နိုင်တာ ဘယ်သူကသူနဲ့ကစားချင်မှာလဲ။

ငါ့မိဘတွေက သူနဲ့မကစားဖို့ပြောတယ်၊ အိမ်နီးချင်းတွေက သူနဲ့မကစားဖို့ပြောတယ်၊ သူငယ်ချင်းတွေကလည်း သူနဲ့မကစားဖို့ပြောတယ်။ Qiu Li ရဲ့အ​ဖေက လူဆိုးဂိုဏ်းသား တစ်ဦး ဖြစ်ပြီး သူကတစ်နေ့လုံး တိုက်ခိုက်ပြီးသတ်ဖြတ်​လေ့ရှိတယ် လို့​ပြောကြတယ်။ သူ့အမေကလည်းလူကောင်းတစ်ယောက်မဟုတ်ဘူး။ နေ့တိုင်း သူမက သူရဲ့မျက်နှာမှာညိုမဲစုတ်ပြတ်ပြီး သွေးထွက်သံယိုဖြစ် သည်အထိသူ့ကိုရိုက်​လေ့ရှိတယ်။

Villainအျဖစ္ေမြးဖြားလာသူWhere stories live. Discover now