Unicodeငါ့ရဲ့အေးစက်နေတဲ့ခန္ဓာကိုယ်က သွေးတွေကို ခံစားမိလိုက်တယ်။ ငါ့ကို ဘယ်သူမှ သတိမပြုမိကြဘူး။ ပါးပြင်ပေါ်မှာတော့ ပူနွေးနွေးအရည်တစ်ချို့... မျက်ရည်တွေပဲ။ နောက်ဆုံးအချိန်ရောက်နေတာတောင် ငါ့ရဲ့အနား ဘယ်သူမှမရှိကြဘူး။ ငါ့ကယ်တင်ခံရမှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ငါက သေဖို့ စောင့်ဆိုင်းနေတာ။ လမ်းက ပိုပိုပြီးအေးလာတယ်။ ကြယ်တွေပြည့်နေတဲ့ ညကောင်းကင်ကိုထိဖို့ ငါ့ရဲ့ လက်တွေကို မြှောက်ချင်တယ် ဒါပေမယ့် လက်မောင်းက လှုပ်လို့မရနေဘူး။
စွန့်ပစ်ထားတဲ့ နေရာတစ်ခုလို တိတ်ဆိတ်နေတဲ့ လမ်းမကြီးမှာ ငါ့အသံကို ဘယ်သူမှ မကြားမှာသေချာတယ်။ အသံတွေပြာ ခန္ဓာကိုယ်ကြီးက လေးလံနေပေမယ့် ငါ အကူအညီကိုတော့ တောင်းနေမိတုန်းပဲ။ မျက်လုံးတွေကိုဖွင့်လို့မရတော့ဘူး။ ငါ့ရဲ့ အဆုံးသတ်ကိုရောက်ပြီလား တွေးမိလိုက်တယ်။
ငါ သူချစ်တာလေးကိုပဲ လိုချင်ခဲ့မိတာပါ ဒါပေမယ့် သူဘယ်တော့မှ ငါ့ကိုပြန်မကြည့်ခဲ့ဘူး ။ ငါ့ရဲ့ အချစ် ငါ့ရဲ့ နှလုံးသား ငါ့ရဲ့ ကြင်နာနွေးထွေးမှု အဲ့တာ တွေအကုန် သူ မလိုအပ်ခဲ့ဘူး။ ဒါနဲ့များ ငါသူ့ကို ဘာလို့များအရူးအမူးချစ်ခဲ့မိပါလိမ့် ။
ကိုယ့်ကိုယ်ကိုမြှောက်ပြောတာ မဟုတ်ပေမယ့် ငါက မိန်းမလှလေးတစ်ယောက်ပါ ငါ့ကို ကြိုက်တဲ့သူတွေများပါရက်နဲ့ သူ့ကိုပဲဘာလို့ ထပ်ခါထပ်ခါချစ်နေမိတာလဲ လူတစ်ယောက်တည်းဆီကနေ နာကျင်မှုတွေ ခံရတယ် အဲ့တစ်ယောက်တည်းက နင်းခြေတာကို ခံရတယ် ငါဘာလို့ အရမ်းမိုက်မဲမိခဲ့တာလဲ ငါဘာလို့ ငါ့ရဲ့ နှလုံးသားကို မှားယွင်းပြီးပေးခဲ့မိတာလဲ
သူ့ကိုချစ်တဲ့ နှလုံးသားကို မတွန်းလှန်နိုင်ခဲ့ဘူး
နှလုံးသားမရှိတဲ့ကောင်နောက်ကို နှစ်ပေါင်းများစွာ လိုက်နေခဲ့မိတဲ့အတွက် နောင်တရမိတယ်။ သူနဲ့ဝေးဝေးမှာနေဖို့ပြောတဲ့ ငါ့သူငယ်ချင်းစကားကို ဘာလို့နားမထောင်မိတာလဲ။ တခြားသူတွေရဲ့ အမြင်တွေကို ဘာလို့နားမထောင်မိရတာလဲ။ သခင်အချစ်ရဖို့စောင့်မျှော်နေတဲ့ခွေးရူးတစ်ကောင်လို သူ့နောက်ကို ဘာလို့မိုက်မိုက်မဲမဲ လိုက်နေခဲ့မိတာလဲ။ ငါဘာလို့ဒီလိုလုပ်မိတာလဲ ။ အချစ်ကတကယ် ငါ့ကို မျက်ကန်းတစ္ဆေဖြစ်စေခဲ့တာလား။ချစ်ရတာက ဒီလောက်နာကျင်စေမှန်းသိခဲ့ရင် ငါမချစ်မိအောင် နေခဲ့မှာ။ သူသာ ငါ့ကိုပြန်ချစ်မှာ မဟုတ်မှန်းငါသိခဲ့ရင် ငါသူ့နောက်ကိုလိုက်နေခဲ့မိမှာမဟုတ်ဘူး
YOU ARE READING
ပြန်လည်မွေးဖွားလာသော ချစ်ခြင်းတရား
RomanceReincarnated couple : cold sweet husbandဆိုတဲ့ novel ကို မြန်မာဘာသာသို့ပြန်ဆိုပေးမှာဖြစ်ပါတယ်