1

671 50 4
                                    

"ဟျောင့် မင်းကဘယ်သူလဲ"

အဖွဲ့ထဲကခေါင်းဆောင်လို့ ထင်ရတဲ့လူကထယ်ယောင်းအားဦးတည်ပြီးမေးလာတယ်။အိမ်အနှံကိုလူအပြည့်ဖြင့် ကာရံထားသောကြောင့် ပေါ်တင်၀င်ရောက်ရန်အခြေအနေကမပေး ဒါကြောင့်ပင် ခိုး၀င်လိုက်သော်လည်း အခုမှတစ်ယောက်တည်းခိုး၀င်မိသည်ကိုပင်နောင်တရချင်လာသည်။

"‌ချကွာ ပြီးရင်ဆရာဆီခေါ်သွားလိုက်"

စကားဆုံးသည်နှင့်ကျရောက်လာသော လက်သီးချက်များ။ထိုလူတွေ၏လက်သီးတွေသည်လည်းသာမာန်မဟုတ် သူ့လောက်နီးပါးပင်အဆင့်ရှိသူများဖြစ်ကြပြီး အများနဲ့တစ်ယောက်ဆိုတော့ သူသာ ခံနေရသည်။သွေးများဖြင့်ပြည့်ယှက်နေသော သူ့မျက်နှာကို အခုချိန်တစ်စုံတစ်ယောက်မြင်ကြည့် လန့်ဖြတ်ပြီးသေသွားနိုင်လောက်သည်။

"ဆရာ ဒီမှာလူတစ်ယောက်ခိုး၀င်လာလို့"

"သူ့ကိုထားခဲ့လိုက် မင်းတို့ပြန်ထွက်လို့ရပြီ"

အချိန်ခဏကြာပြီးနောက် ထွက်ပေါ်လာသော အသံခပ်စူးစူးကြောင့် သူ‌မျက်မှောင်ကျုံလိုက်မိသည်။

"ဟုတ်"

ထို့နောက် အသံတွေသည်ထိုအခန်းထဲတိတ်ဆိတ်သွားသည်။မျက်လုံးဖွင့်ကြည့်ရန်ကြိုးစားသော်လည်း လည်ပင်းကိုလာထိ‌တွေ့သော ခပ်စူးစူးအရာတစ်ခု။ထို့နောက်တွင် သူ့မျက်လုံးတို့သည်လည်း အမှောင်ကမ္ဘာသို့ရောက်ရှိသွားတော့သည်။

"ရင်းရင်း သူ့ကိုခွဲစိတ်မယ် အသင့်ပြင်ထားလိုက်"

စကားဆုံးသည်နှင့် လီရင်းရင်းသည် ထယ်ယောင်းကိုပွေ့ချီပြီး ခွဲစိတ်ခုံပေါ်တွင်တင်ကာ လက်များနှင့်ခြေများကို ကြိုးဖြင့် ခိုင်မာစွာချည်နှောင်ထားလိုက်သည်။သူသည် လွန်ခဲ့သည့်ဆယ်ငါးနှစ်‌ေကျာ်လောက်က တရုတ်ကနေ မယောင်မလည်ကိုရီးယားရောက်လာခဲ့သည့် ဆင်းရဲမွဲတေလွန်းလှသည့်ကောင်လေးတစ်ယောက်ပင်။

ရှိသည့်ပိုက်ဆံလေးများကိုကုတ်ဖဲ့စုကာ
ကိုရီးယားကိုလာခဲ့သော်လည်း လမ်းတစ်၀က်မှာတင် ပိုက်ဆံကပြတ်လတ်သွားခဲ့သည်။သူ၏ကျေးဇူးရှင်လို တစ်မျိုး သူ၏ဆရာလိုတစ်မျိုးဖြင့် ကယ်တင်စောင့်ရှောက်ခဲ့သည်ကင်မ်ဂျောင်ဆိုးဆိုသည့်သူ့၏ဆရာကြောင့်သာ သူအခုထိကောင်းကောင်းမွန်မွန်ရှင်သန်နေရသည်။

𝐌:𝐖Where stories live. Discover now