မောင့်ကိုပဲ အချိန်တွေအကြာကြီး ဆက်ချစ်သွားပေးပါ
တက္ကသိုလ်နောက်ဆုံးနှစ် စတက်တဲ့နေ့မှာ ပထမဆုံးအကြိမ် မောင့်ကိုပြန်တွေ့ခဲ့တယ်။
မောင်က မတွေ့ဖြစ်တဲ့ 3နှစ်အတွင်း အများကြီးပြောင်းလဲသွားတဲ့ပုံပဲ။"အဲ့တာ ဆယ်ဟွန်းမလား"
"အင်း"
ဘတ်ခ်ဟျွန်းရောက်လာတာ မသိလိုက်တဲ့အထိကို အဲ့ဒီနေ့က မောင့်ကို အကြာကြီး ငေးကြည့်နေခဲ့မိတယ်။အဝေးကကြည့်တာတောင် ထင်းနေတဲ့ မောင့်မျက်ခုံးတန်းလှလှလေးကို အရင်က သဘောကျခဲ့ဖူးတယ်။အခုလည်း သဘောကျနေတုန်းပဲ။ဒီ3နှစ်လုံးလုံး အလုပ်မလုပ်ခဲ့တဲ့ နှလုံးသားက မောင့်ကြောင့်ပဲ ထပ်ပြီး ခုန်လှုပ်ခဲ့ပြန်တယ်။
မသေချာပေမဲ့ မောင်လည်း ငါ့ကိုမြင်လိုက်တယ် ထင်ပါတယ်..။ထိပ်တိုက်မဆုံချင်တာကြောင့် မောင့်ဆီကနေ ရှောင်ထွက်လာခဲ့မိတယ်။
မောင်နဲ့ မျက်နှာချင်းဆိုင်ဖို့ကို ဘာလို့ဒီလောက်ထိ ကြောက်နေခဲ့ရတာလဲ။
"လမ်းခွဲရအောင် ဟန်။
မောင်တို့ လမ်းခွဲကြရအောင်""မောင်.."
"နောက်အပတ် မောင် နိုင်ငံခြားသွားတော့မယ်။
ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ကြတာပေါ့""ဘာလို့လဲ။ ငါ...
ငါမောင်ပြန်လာမယ့်အချိန်ထိ စောင့်နိုင်ပါတယ်"မျက်ဝန်းထဲဝေ့သီနေတဲ့ မျက်ရည်တွေကို ထိန်းရင်းနဲ့ပဲ
မောင့်ဆီကအဖြေကို အချိန်အတော်ကြာတဲ့အထိ စောင့်နေခဲ့မိတယ်။ ဒီလိုမျိုး မောင်နဲ့အဆုံးမသတ်လိုက်ချင်ဘူး။"ငါ့ကို မောင် ချစ်ရောချစ်ခဲ့ရဲ့လား "
"မောင် မသေချာဘူး"
ဒီလောက်နဲ့ပဲ လုံလောက်ခဲ့ပါတယ်။ မောင်နဲ့ ပတ်သက်မှုကို အဆုံးသတ်လိုက်ဖို့၊ မောင့်ကို လက်လွှတ်ပေးလိုက်ဖို့...။
လွန်ခဲ့တဲ့ 3နှစ်ကထက် မောင်ကပိုပြီး ကြည့်ကောင်းလာတယ်။အရပ်မြင့်မြင့်၊အသားဖြူဖြူနဲ့ သေသပ်တဲ့မျက်နှာပေါက်ရှိတဲ့ မောင်က ဒီနှစ်အတွက် popularအဖြစ်ဆုံး ကျောင်းသားလည်း ဖြစ်တယ်။