"မင်းနာကျင်ပြီး မျက်ရည်ကျတိုင်းကိုယ့်ကိုကိုယ်
ထိခိုက်အောင် လုပ်မိတယ်ဆိုတာ မင်းမသိ
ဘူးမှတ်လား...Sehun''...........................................................
"ဟူး...ရင်တွေခုန်လိုက်တာ...ဦးကြောင့် ဘယ်လောက်ပဲ..နာကျင်နာကျင် ဒီရင်ဘတ်ကြီးကတော့တဒုန်းဒုန်းနဲ့ခုန်နေတုန်းပဲ ဦးရေ...''
.................................................
"နောက်ကျနေပြီ.... ''
အပေါ်ကနေ ဝရုန်းသုန်းကားဆင်းလာတဲ့ Sehun. ..
"မနက်စာစားသွားအုံးလေ..''
"မ..မစားတော့ဘူး ''
"ဦးလိုက်ပို့....''
စကားကိုတောင်နားမထောင် ထွက်သွားပြီဖြစ်တဲ့
Sehun. ..မနေနိုင်မထိုင်နိုင်နဲ့ ကားသော့ကို ဆွဲပြီး နောက်က
လိုက်ရပြန်တယ်..."Sehun. ..ကားပေါ် တတ်''
"ဗျာ...''
ဦးဘက်က ဒီလိုမျိုး ပြောလာခြင်းကSehun
အတွက် အထူးအဆန်းပင်...."နောက်ကျနေပြီ မဟုတ်ဘူးလား ''
ဘာမှပြောမနေတော့ဘဲ ကားပေါ်သာအမြန်တတ်လိုက်တယ်...
"ဦး ကျနော်သွားပြီနော်...''
"ညနေကျရင်လာခေါ်မယ်..''
မျက်လုံးတွေ ပြူးကျယ်လာပြန်တဲ့ Sehun. ..
"ဘာလို့''
"ကို လာကြိုပေးချင်လို့...''
"သွားတော့လေ''
"ဟုတ် ''
ကျောင်းထဲပြေးဝင်သွားတဲ့ Sehun ကျောပြင်လေးကိုကြည့်ပြီး..
"ဒီကောင်လေး ထမင်းကောင်းကောင်း မစားဘူးလား...အရင်ကထက်ပိုပိန်သွားတယ်...''"Sehun မျက်နှာကြီးက ဖြီးနေတာပဲ...''
ချစ်သူငယ်ချင်းကြီး Baekhyun မေးသံကြောင့်..
"ဒီနေု ဦးက ငါ့ကိုကျောင်းလဲလိုက်ပို့တယ်...
အပြန်လည်း လာကြိုမယ်တဲ့ ''"အမလေး... အဲ့ဒါကြောင့် ရုပ်ကိုက ဖြစ်ပျက်နေတာ ''
အတန်း မြန်မြန်ဆင်းဖို့တာဆုတောင်းနေမိတယ်..