The doll(one shot)
အီဆန်မြို့ရဲ့ဆိတ်ငြိမ်ရပ်ကွက်အတွင်းည၈နာရီကျော်ပါက လူအသွားအလာမရှိသလောက်နည်းပါး၍အချို့သောအိမ်များကမူအိပ်စက်နေကြလေပြီဖြစ်သည်
သို့သော်ရပ်ကွက်အလယ်ရှိတစ်ထပ်တိုက်ပုလေးရဲ့အခန်းတစ်ခန်းမှာတော့ရုပ်ရှင်မှစကားပြောသံများဖြင့်ဆူညံနေလေသည်။
"Jiyong! မင်းကာတွန်းကားကိုအသံလျှော့ပါကွာ ငါစာကျက်လို့မရဘူး"
"Tabi စာကနောက်မှကျက်လို့ရတယ် လာဒီကားလာကြည့်"
"ကေလးကလားကြာ အသက်ကဖြင့်သေခါနီးပြီကိုကာတွန်းကားကြည့်နေသေးတယ်"
"ဒီကားထဲကလိုအရုပ်တွေကအသက်ရှိရင်မိုက်မယ်နော်"
"အေး စာမေးပွဲကျရင်ပိုမိုက်လိမ့်မယ်"
Tabiဆိုသူကောင်လေးကဘယ်လိုပဲပြောစေကာမူJiyongဆိုသူကတော့ကာတွန်းကားအကြည့်မပျက်ပေ။
Toy storyအမည်ရှိကာတွန်းကို တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားကအထပ်ထပ်အခါခါကြည့်နေခြင်းဖြစ်သည်။အချိန်ည၁နာရီမှာတော့Tabiရဲ့ဟောက်သံကအခြားကုတင်ကနေထွက်ပေါ်လာလေသည်။ Jiyongကတော့စိတ်ထဲစွဲနေတဲ့Toy Storyကားကိုပဲလက်တွေ့ဘဝနှင့်ယှဉ်ကာစိတ်ကူးနေမိလေသည်။
"Jiyong မင်းဒီနေ့ကျောင်းကအပြန်ဝင်စရာရှိလား"
"No...ဘာလို့လဲ"
"ငါ့အမေက Bom nunnaဆိုင်လာခဲ့အုန်းတဲ့ ဒီညနေငါကပန်းချီclubကလူတွေနဲ့ပြိုင်ပွဲအတွက်ဆွေးနွေးမလို့"
"Ok"
ညနေဘက်ကျောင်းဆင်းချိန်မှာတော့Jiyongကအိမ်ကိုတန်းမပြန်ဘဲသူငယ်ချင်းဖြစ်သူမှာထားတဲ့အတိုင်းTabiရဲ့အမ Bomထံသွားလေသည်။
Tabiဆိုသည်မှာJiyongလိုမျိုးရင်းနှီးတဲ့သူတွေခေါ်တဲ့နာမ်စားဖြစ်ပြီးနာမည်အရင်းမှာSeung Hyunဖြစ်လေသည်။ ငယ်သူငယ်ချင်းဖြစ်သူTabiမှာစာတော်ကာအနေအေးသလောက် Jiyongကတော့ပေါ့ပေါ့ပါးပါးနေတတ်ကာစာတွင်စိတ်မပါပေ။
Bomဖွင့်ထားတဲ့ဆိုင်သစ်မှာအရုပ်ဆိုင်ဖြစ်လေသည်
ဆိုင်ထဲဝင်ဝင်ခြင်းမှာပဲနံရံနဲ့ကပ်လျက်စင်ကအရုပ်လေးကိုJiyongအတော်လေးသဘောကျသွားလေသည်
ပန်ဒါဝက်ဝံရုပ်လေးဖြစ်ကာအတော်ပင်ချစ်စရာကောင်းပေသည်
YOU ARE READING
The Doll(One shot)
Fanfictionကာတွန်းကားတွေကြိုက်နှစ်သက်ပြီးသရဲအရမ်းကြောက်တဲ့ဒုတိယနှစ်တက္ကသိုလ်ကျောင်းသားလေးက အရုပ်တစ်ရုပ်ဝယ်ယူမိပြီးနောက်.........