ကျွန်မ ဆံပင်အ ဖြောင့်တေကို သိပ်မုန်းသည်။ သို့သော် ထိုအမျိုးသမီးရဲ့ ဖြောင့်စင်းနေသော ဆံနွယ်တေကိုမြတ်နိုးမိသည်။
ကျွန်မ အေးစက်တဲ့ အကြည့်တေနဲ့ ကြည့်တတ်တဲ့ လူတေကို သိပ်မုန်းသည်။
သို့သော် ထိုအမျိုးသမီးရဲ့ အေးစက်တဲဲ့ မျက်ဝန်းလှလှတေကို နှစ်သက်နေမိသည်။ကျွန်မ စကားနည်းတဲ့သူတေကို သိပ်မုန်းသည်။
သို့သော် ထိုအမျိုးသမီး ကိုတော့ တခြားသူတေနဲ့ တတ်နိုင်သလောက် စကားမပြောစေလိုပေ။ဆက်ဆံရေးကျဲတတ်တဲ့ ေသာ လူတေကို ကျွန်မသိပ်မုန်းသည်။
သို့သော် ထိုအမျိုးသမီး ၏ ခပ်ချေချေနေတတ်သော အကျင့်လေးကို သဘောကျမိသည်။ကျွန်မ အကြောင်း အားစပ်စုတတ်သော လူတေကို ကျွန်မသိပ်မုန်းသည်။
သို့သော် ထိုအမျိုးသမီးကို တော့ကျွန်မအကြောင်းသိစေချင်သည်။ဆေးလိပ်သောက်တတ်သော အမျိုးသမီးတေကို
ကျွန်မ သိပ်မုန်းသည်။
သို့သော် ထိုအမျိုးသမီး ၏ ဆေးလိပ်သောက်ထားသော နှုတ်ခမ်းလှလှလေး များအား မက်မော သည်။အချိန်ပြည့်အလုပ်တေရှုပ်နေတတ်သော လူတေကိုကျွန်မ သိပ်မုန်းသည်။ သို့သော် ထို အမျိုးသမီး ရဲ့ အလုပ်ရှုပ်နေတဲ့ပုံစံ လေးအား တစ်နေကုန်ကြည့်ချင်နေမိသည်။
သူများ အကြောင်းတွေးရသည်ကို ကျွန်မသိပ်မုန်းသည်။ သို့သော် ထိုအမျိုးသမီး အကြောင်းတွေးရသည်ကိုတော့ ကျွန်မကိုယ်တိုင်ပျော်နေမိသည်။
အပြုံးအရယ်နည်းသော သူများအားကျွန်မ သိပ်မုန်းသည်။ သို့သော် ထိုအမျိုးသမီး၏ မျက်နှာတည်တည်လေးအား အမြဲတွေ့ချင်နေမိသည်။
ကျွန်မ မုန်းတဲ့အရာတေနဲ့ပြည့်နေတတ်တဲ့ အဲ့ဒီ အမျိုးသမီးကို ချစ်နေတဲ့ ကျွန်မကိုယ်ကျွန်မ သိပ်မုန်းနေမိသည်။
သို့သော် ထို အမျိုးသမီး ကိုတော့ တစ်စက်လေးမှမုန်းမရပေ။လူတစ်ယောက်က ကျွန်မအား မေးဖူးသည်။
အချစ်အကြောင်းသိချင်လားတဲ့။
ဟင့်အင်း ကျွန်မက ထိုအမျိုးသမီးအကြောင်းပဲ သိချင်တာပါ။
YOU ARE READING
That Woman....
Short Storyကျွန်မ သိတဲ့ အချစ်ဆိုသည့်အရာမှာ ထိုအမျိုးသမီးတစ်ယောက်သာ ဖြစ်တယ်။ _♥_