Unicode
"မေမေကြီး မအိပ်သေးဘူးလား"
"ဟုတ်တယ် သားလေးရဲ့ မေမေကြီးအိပ်မပျော်သေးလို့"
"ဪ ဟုတ် မေမေကြီး"
"ဒါနဲ့ သား ဂျောင်ကုရော"
"သူ့သူငယ်ချင်းတွေနဲ့စကားပြောတုန်းထင်တယ် မေမေကြီး"
"အခုချိန်မှာ သားလေးနဲ့ ဂျီမင်လေးက အကြင်လင်မယားအရာရောက်သွားပြီဆိုတော့ ဘယ်လိုပြသာနာတွေရှိလာရှိလာ အတူတူရင်ဆိုင်ကျော်ဖြတ်ကြနော် သား ဂျောင်ကုက နည်းနည်းဆိုးတယ် တဦးတည်းသောသားဆိုတော့ အတ္တကြီးတယ် ပြီးတော့ ငယ်ငယ်ကတည်းက သူလိုချင်သမျှအကုန်ပိုင်ဆိုင်ခဲ့ရတဲ့သူဆိုတော့ ပိုင်ဆိုင်လိုစိတ်ကြီးတယ် အငြိုးအတေးကြီးတယ် သား ဂျီမင်လေးကပဲ ဒါတွေအားလုံးကိုပြင်ပေးပါနော်"
"စိတ်ချပါ မေမေကြီး"
"အေးပါကွယ် ဂျီမင်လေးကို မေမေကြီးယုံတယ် ကဲ သားလည်းသွားနားတော့ ဒီနေ့တရက်လုံးပင်ပန်းထားတာ"
"ဟုတ်ကဲ့ မေမေကြီးလည်း အိပ်ပါတော့နော်"
"အေး သားလေး"
ကျွန်တော် မေမေကြီးနဲ့စကားပြောပြီး အပေါ်ထပ်တက်လာတော့ သူကရောက်နှင့်နေပြီ ဒါပေမယ့် သူက အိပ်ဖို့ပြင်ဆင်နေတာမျိုးမဟုတ်ပဲ တနေရာရာကို ခရီးထွက်ဖို့ပြင်ဆင်နေတာ သူ့ရဲ့luggageထဲကို သူ့အဝတ်အစားတွေထည့်ပြီးတော့လေ
"မောင် ဒါကဘာလုပ်နေတာလဲ"
"ဪ ရောက်လာပြီလား ငါ အလုပ်ကိစ္စကြောင့် Daeguကိုသွားရမယ် အဲ့တာ ဒီည Yugyeomတို့အိမ်မှာ သွားအိပ်မှာ နက်ဖြန်အဲ့ကနေပဲသွားမယ်"
"မောင် ဒီညက မင်တို့ရဲ့ မင်္ဂလာဦးညလေ မောင်က ဘယ်ကိုထွက်သွားမှာလဲ"
"ဘာ မင်္ဂလာဦးည ဟုတ်လား ရယ်စရာကောင်းလိုက်တာ"
"မောင် မင့်ကိုဘာတွေမကျေမနပ်ဖြစ်နေတာလဲ မင့်ကိုပြောပြလေ မင်က မောင်ပြောပြမှသိမှာပေါ့"
"မကျေနပ်ဘူး ဘာလို့လဲဆိုတော့ မင်းဟာ ငွေမက်တဲ့သူတယောက် ပြီးတော့ မင်းက မင်းယောက်ျားကို အလုပ်ကြိုးစားတဲ့သူတယောက်ဖြစ်စေချင်တာမလား မင်းစိတ်တိုင်းကျဖြစ်စေရမယ် ငါအခုကစပြီး အလုပ်ကြိုးစားမယ် မင်းလိုချင်တဲ့ မင်းနေချင်တဲ့ ငွေပုံပေါ်မှာ အခန့်သားထိုင်ပြီး မတောင့်မတမကြောင့်မကြဘဝမျိုးဖြစ်အောင်ထားပေးမယ် မင်း ကျေနပ်တယ်မလား"
YOU ARE READING
မောင်
FanfictionJIKOOK 🐥🐰 စာရေးဆရာမလမင်းမိုမို၏ 'မောင်'ဝတ္ထုအား မှီငြမ်းရေးသားထားခြင်းဖြစ်ပါသည်