Xiumin ငယ်ငယ်တုန်းကပေါ့
သူမမိဘတွေက၀န်ထမ်းတွေဆိုတော့အပြောင်းပါလို့
သူမလည်း ကျောင်းပြောင်းလိုက်ရတယ်
သူမ ပထမတန်းအရွယ်ပေါ့
TEC" ကဲ.....ကလေးတို့ .ဒီနေ့ကျောင်းပြောင်းလာတဲ့...ကျောင်းသူလေးနဲ့မိတ်ဆက်ပေးမယ်...သမီးဝင်ခဲ့လေ ..လာ
ဆရာမလက်ဆွဲခေါ်လို့သာ..xiumin အခန်းထဲရောက်သွားတာ ..လူတွေမှအများကြီးပဲ..xiumin ငယ်ငယ်တည်းက ..လူကြောက်တတ်တယ်တဲ့ မေမေတို့ပြောပြတာ..လူတွေအများကြီးဆို..xiumin..စိတ်အိုက်သလိုပဲ ...မနေတတ်ဘူး...မေမေတို့ကတော့ .အဲ့ဒါကပြင်လို့ရပါတယ်တဲ့
ဆရာမက..xiumin.ကိုအတန်းထဲက လူတွေနဲ့ မိတ်ဆက်ပေးပြီးတော့...မျက်လုံးလှလှနဲ့ကောင်လေးနားမှာသွားထိုင်တဲ့...xiumin ထင်တာတော့သူကမလှပါဘူး..ယောက်ျားလေးဖြစ်ပြီး .မိန်းကလေးပုံနဲ့...သူများတွေလိုက်ကြည့်နေကြတော့ ...xiumin ဒူးတွေတုန်နေတာပေါ့... သူ့ဘေးနားက ခုံမှာထိုင်လိုက်တော့ ....
" ဘယ်သူထိုင်ခိုင်းလို့လဲ?"
"ဆ..ရာ..မ" xiumin ..လူကြောက်တတ်ပါတယ်ဆိုမှ ..ပြီးတော့ ခုမှမြင်ဖူးတဲ့သူတွေချည်းပဲ....xiumin အားကိုးတကြီးနဲ့ ဆရာမဘက်ကိုလှည့်ကြည့်လိုက်တော့...ဆရာမ.နဲ့တူတာဆိုလို့ အရိပ်လေးတောင်မတွေ့ရတော့
တချို့ကျောင်းသားတွေက ဆော့နေကြတယ်..တချို့က..စကားတွေပြောနေကြတယ်...လူအနည်းစုကတော့..xiumin ကိုလိုက်ကြည့်နေကြတယ်....xiumin ကထူးဆန်းနေလို့လား သူတို့လိုက်ကြည့်နေရအောင်..xiumin ...ဘာမှပြန်မပြောရဲလို့ခေါင်းငုံ့လိုက်တယ်.. ကျောပိုးအိတ်မှာတွဲလျောင်းလေးကျနေတဲ့ ကြိုးကိုကိုင်ထားတဲ့လက်လေးတွေမှာတောင် ချွေးစေးတွေထွက်နေပီ
Xiumin...သူ့ကိုကြည့်လိုက်တော့ ..သူကမေးငေါ့လိုက်ပြီး
"ဘာကြောင်ကြည့်နေတာလဲ နင့ိကိုမေးနေတာ.."
"ဟို..ဆရာမ..က ဒီမှာသွားထိုင်လိုက်ဆိုလို့ .."
YOU ARE READING
I will be Yours
Romancexiumin ,, ငယ်ငယ်တည်းက ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းပြီးအေးအေးဆေးဆေးနေတတ်သူလေး.........မထင်မှတ်ဘဲ ... မိမိကိုငယ်ငယ်တည်းကအနိုင်ကျင့်ခဲ့တဲ့သူတစ်ယောက်ကို....ချစ်မိသွားတဲ့အခါ..... Luhan,,ငယ်ငယ်တည်းက..လိုချင်တာကိုမရ...