For you only,baby Part (2)

2.1K 188 3
                                        

Baekkie စာအိတ်လေးကို ဖွင့်ဖောက်ကြည့်လိုက်တော့...

အထဲမှာက စာလေးတစောင်...

သူ ဖွင့်ဖတ်လိုက်တော့...

"Hello,Baekkie...

ကိုယ် ဘယ်သူဆိုတာ သိချင်နေပြီမလား..

မသိသေးခင်မှာ ကိုယ် baekkie ကို ပြောပြချင်တာလေးတွေ ရှိသေးတယ်...

နားထောင်ပေးနော်..."

စာရဲ့အစက ဘာပဲပြောပြော ထူးဆန်းနေပါပြီ...

ဒါပေမဲ့ baekkie အဲ့ဒီလူကို အရမ်းသိချင်နေပြီမို့ 

စာကို ဆက်ဖတ်လိုက်သည်...

"ကိုယ် baekkie ကို စတွေ့တဲ့အချိန်က တိုက်တိုက်ဆိုင်ဆိုင် first snow ကျတဲ့ အချိန်လေးပေါ့...

ကိုယ် အဲဒီနေ့ က အိမ်က မိဘတွေကြောင့် စိတ်တွေ လုံးဝကို လေးလံနေခဲ့တာ...

ဒါကြောင့် ကိုယ် စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်လာခဲ့တယ်...

အဲဒီအချိန် Baekkie က ကိုယ့်ရှေ့ကနေ လမ်းလျှောက်နေတာပေါ့...

Baekkie ကတော့ နောက်မှာ ကိုယ်ရှိနေမှန်း ဘယ်သိပါ့မလဲ...

ကောင်းကင်ပေါ်က ကျလာတဲ့ နှင်းဖြူဖြူလေးတွေကို လက်လေးနဲ့ခံရင်း ပျော်မြူးနေခဲ့တာ...

အဲဒီအချိန်တုန်းက Baekkie ပုံလေးကို ကြည့်ရင်း ကိုယ့်စိတ်တွေ တကယ်ကို အေးချမ်းသွားခဲ့တယ်...

ပြီးတော့ Baekkie ကို ကိုယ် မြင်မြင်ချင်း ချစ်သွားခဲ့တယ်..."

"အို..~"

Baekkie ပါးမို့ မို့ လေးတွေ ရဲသွားတယ်...

ဘယ်ကမှန်း မသိတဲ့ သူက သူမကို ချစ်တယ်တဲ့...

ဘယ်သူလဲဆိုတာ သူမ အသည်းအသန် စဉ်းစားနေမိပါသည်...

မေးခွန်းများစွာ ထွက်လာတဲ့ စိတ်ကို ခဏထိန်းရင်း စာလေးကို ဆက်ဖတ်လိုက်မိတော့...

"အဲဒီအချိန်ကစပြီး ကိုယ် baekkie အကြောင်းတွေ သိရအောင် စုံစမ်းခဲ့မိတယ်...

ကိုယ် baekkie ကိုယ်ရေးကိုယ်တာကို စပ်စုမိတာ ခွင့်လွှတ်ပေးနော်...

နောက်တော့ ကိုယ့်မိဘတွေက အိမ်ပြောင်းဖို့  တိုင်ပင်တဲ့အချိန် ကိုယ် Baekkie အိမ်နားက အိမ်ကို ဝယ်လိုက်ပါလားလို့  အိမ်ကို ပြောကြည့်တော့ အိမ်က လက်ခံတယ်လေ...

For You Only,Baby~Where stories live. Discover now