Forgather with father_in_law

870 61 1
                                    

Unicode

Taehyungရဲ့ချိုမြိန်တဲ့သြရှရှအသံလေးအပြီး
ကားနောက်ခန်းကတော်တော်ကြာသည်အထိတိတ်ဆိတ်မှုကတစ်ဖန်ကြီးစိုးသွားရပြန်သည်
Jiminကတော့GPSတစ်ခုနဲ့အလုပ်ရှုပ်နေဆဲဖြစ်ကာလိပ်စာကိုရှာနေဆဲ
Taehyung ကပြောပြီးပြီးချင်းခေါင်းငုံ့သွားသည်မှာပြန်ဖော်မလာတော့ JEONကတော့Taehyungကိုတစ်စိမ့်စိမ့်ကြည့်ရင်းပြုံးကာအတွေးကိုယ်စီနဲ့အလုပ်ရှုပ်နေကြခြင်းသာ

တိတ်ဆိတ်ကြီးဆိုးနေမှုထပ်ခါထပ်ခါအသံတိတ်မေးနေမိသည်ကJungkookသိချင်တာတစ်ခုပဲTVမှာသူကဘာအတွက်ပါရသလဲဆိုတာဖြစ်သည်
အလုပ်ထဲခေါင်းစိုက်ရင်းအပြင်လောကနဲ့တော်တော်လေးအလှမ်းဝေးနေပြီဖြစ်တဲ့သူဟာTvမပြောနဲ့သီချင်းပင်နားမထောင်ခဲ့တာတော်တော်ကြာခဲ့ပြီဖြစ်သည်
ထပ်ပြီးသိချင်မိတာMr.Kimကသူ့အကြောင်းယောင်းငယ်ကိုဘာတွေဖောက်သည်ချထားလို့ငယ်ကအဲ့လောက်အထိရှက်ရတာပါလဲ?
ဘာပဲဖြစ်ဖြစ်ငယ်ရှက်တာလေးကမြင်ရတာအကောင်လိုက်မြိုချချင်လောက်အောင်အမှန်ပင်ချစ်ဖို့ကောင်းလှပါသည်
အရုပ်လေးသာဖြစ်ရင်အိပ်ထဲထည့်ပြီးသာသိမ်းထားလိုက်ချင်ပေမဲ့
အရုပ်လေးလိုလှတဲ့ယောင်းငယ်ဟာအရုပ်ကလေးတစ်ရုပ်မဟုတ်တာကJungkookအတွက်အခက်တွေ့စေပါသည်
သို့ပေမဲ့အရုပ်တစ်ရုပ်လိုတန်ဖိုးမထားမှာတော့မဟုတ်
သူနဲ့အတူတယုတယဖတ်အိပ်စေမဲ့အိပ်ယာပေါ်ကဝက်ဝံရုပ်ကလေးသာဖြစ်စေပါမည်
ယောင်းငယ်ကသာသူနဲ့အတူနေတဲ့အခါကျရင်...

"ရောက်ပြီ Jungkook"

စိတ်မရှည်စွာပြောလာတဲ့Jiminအသံအနောက်
ယောင်းငယ်က
နားမလည်စွာကြည့်လာသည်
ကိုယ့်ရဲ့ခက်ညစ်ညစ်အတွေးတို့ကစပ်ဖြဲဖြဲရုပ်နဲ့လိုက်အောင်
ယောင်းငယ်အားစိုက်ကြည့်ရင်းပြုံးနေခဲ့သည်ကိုငယ်မသိလို့သာခေါင်းငုံးပြီးရှက်ဖို့မေ့နေခဲ့သည်ထင်ပါသည်
ထို့နောက်Jiminဘက်ကိုတစ်လှည့်ကြည့်ကာဘယ်driverကCEOကိုအဲ့လိုဂျစ်ကန်ကန်ပြောလဲဆိုတာ သူနားလည်သလောက်ဖတ်ကြည့်နေတာဖြစ်ပါလိမ့်မည်
နောက်မှဂျပုကိုCEOကိုရိုရိုသေသေဆက်ဆံရမယ်ဆိုတာ ကောင်းကောင်းပညာပြထားရမယ်လို့သာစိတ်ထဲကြိမ်းဝါးရင်း..

PsychoanalysisWhere stories live. Discover now