"ရှောင်ရှောင်းကျန့် အခုချက်ချင်းထွက်လာစမ်း"
အိမ်ရှေ့မှာ အော်ပြောပြီး ဒေါသထွက်နေတဲ့
ဝမ်ရိပေါ်ကိုမြင်တော့ သူသက်ပျင်းချမိတယ်
ကြောက်လည်းကြောက်တယ်
သူအောက်မဆင်းရဲဘူးဒါပေမယ့် သူအောက်မဆင်းရင်လည်း
ရိပေါ်က အပေါ်ထိတက်ပြီးသူ့ကိုထိုးမှာသူအောက်ဆင်းပြီး ခြံပြင်ရောက်တော့
ရိပေါ်က ခါးထောက်ပြီး သူ့ကိုမျက်လုံးရဲရဲကြီးတွေနဲ့ကြည့်နေတယ်"ငါတောင်းပန်ပါတယ်"
သူ့ဘက်က အရင်စကားစမိတယ်"ဘာလို့လည်း ဘာလို့ ငါ့ဘဝကိုလာနှောက်ယှက်နေတာလဲ
အခုတော့ ဖန်းလီက ငါ့ကိုတစ်မျိုးထင်သွားပြီ"ဟုတ်ပါတယ် ကျွန်တော် ဝမ်ရိပေါ်ကြိုက်နေတဲ့ကောင်မလေးကို
လမ်းခွဲပေးဖို့သွားပြောခဲ့တာ ပြီးတော့"မင်းငါ့ကိုဘယ်လောက်ပဲမုန်းမုန်း
ငါကြိုက်နေတဲ့သူကို ဝမ်ရိပေါ်က Gay ဆိုပြီးသွားပြောစရာလား""ငါ တောင်းပန်ပါတယ်"
ဝမ်ရိပေါ် သူရှေ့ကလူကိုအချဉ်ပေါက်လာပြီ
"အဟက် ငါကတောင်းပန်တာကိုလိုချင်တာမဟုတ်ဘူး
မင်းရဲ့ဖြေရှင်းချက်ကိုလိုချင်တာ""ငါ .. ငါ .. တောင်းပန်ပါတယ်"
ငါထွက်သွားပေးပါ့မယ်
"ကျစ် ငါ့ကိုကြိုက်နေတာလား"
"ဟမ် "
လာပြန်ပြီ အူကြောင်ကြောင်မျက်လုံးတွေနဲ့"ငါ့ကိုကြိုက်နေတာလားလို့ မေးနေတာဖြေလေ"
"......."
"ဘာလဲ အ သွားပြီလား
ဒါဆို ဖန်းလီကို လမ်းခွဲဖို့သွားပြောရတဲ့
အကြောင်းပြချက်လေးပေးစမ်းပါ"ဂလု
ရှောင်ကျန့်တံတွေးမျိုချမိသည်
"အဲ့ဒါက ငါ.. ငါ.."
ကျစ် မြန်မြန်ပြောစမ်းပါ သဘောကျရင်ကျတယ်ပေါ့
"ငါ မင်းကိုကြိုက်နေတာကြာပြီလို့ အူဝဲ"
ငိုပြီးတော့ အိမ်ပေါ်ပြေးတက်သွားတဲ့ ရှောင်ကျန့်ကို
သူလိုက်ကြည့်နေတယ်