Girl-CEO Kimရှင့် ဧည့်သည်ရောက်နေပါတယ်
Tae Hyung-ဘယ်သူလည်း
Girl-Kim Seok Jinလို့ပြောပါတယ် CEO
Tae Hyung-ကောင်းပြီလွှတ်လိုက်
Girl-ဟုတ်ကဲ့ပါCEO
.
.
.
.
Seok Jin-ဝင်လာပြီနော် Tae Hyung ssiTae Hyung-ဝင်ခဲ့
Seok Jin-*ဒီနေ့လည်း ကြည့်ကောင်းလွန်းနေပါတယ်Tae*
Tae Hyung-ဝင်ခဲ့လေ အပေါက်ဝမှာဘာလို့ရပ်နေတာလည်း
Seok Jin-ဟုတ်ကဲ့
Tae Hyung-Seok Jin ssi ခဏထိုင်အုန်းနော် ကျွန်တော် အလုပ်တွေမပြီးသေးလို့ပါ
Seok Jin-အေးဆေးလုပ်ပါ Tae Hyung ssiကျွန်တော်အားပါတယ်
Tae Hyung-ကောင်းပြီ
Seok Jin-*ကျွန်တော်ကတော့ အလုပ်လုပ်နေတဲ့ကျွန်တော်ရဲ့အရှေ့ကလူ တစ်နည်းအားဖြင့်ကျွန်တော်နဲ့မိဘချင်း သဘောတူထားတဲ့သူ သူကပထမတုန်းကတော့ ကျွန်တော်နဲ့ လက်ထပ်ရမှာကို အကျောက်အကန်ငြင်းခဲ့တာ နောက်တော့ ဘာလို့မှန်းမသိလက်ခံခဲ့တယ် ကျွန်တော်ထင်တာမလွဲဘူးဆိုရင်Taeအဖေတိုက်တွန်းလို့ဘဲနေမှာပေါ့ ကျွန်တော့်အဖေနဲ့ Taeအဖေနဲ့က ငယ်သူငယ်ချင်းတွေလေ ကျွန်တော်တို့ကိုမမွေးခင်ကတည်းကသဘောတူထားခဲ့တာတဲ့ မွေးလာတော့ယောကျာ်းလေးတွေဖြစ်နေပေမယ့်သူတို့ပေးထားတဲ့ကတိကိုမဖျတ်ကြဘဲ ပေးစားဖို့ကိုသဘောတူခဲ့တယ်လေ Tae2နှစ်သားအရွယ်လောက်မှာTaeအမေ့အလုပ်နဲ့JAPANကိုပြောင်းသွားခဲ့ကြတယ် ကျွန်တော်ကိုပြန်တွေ့တာ ၁လလောက်ဘဲရှိသေးတယ်*
Seok Jin-*ကျွန်တော်တို့ကစေ့စပ်ပြီးပါပြီ Tae အလိုကျစေ့စပ်ပွဲကို အကျဥ်းချုန်းပြီးသာလုပ်လိုက်ကြတယ် Taeကတော့ကျွန်တော့်ကိုဘယ်လိုသဘောထားမှန်းမသိပေမယ့် ကျွန်တော်ကတော့ မြင်မြင်ချင်းချစ်ခဲ့မိတယ် သူကတော့ကျွန်တော့်ကိုမိတ်ဆွေအဆင့်ထက်မပိုဘူးလို့ကျွန်တော်ခံစားနေရတယ် ကျွန်တော်ကတော့ အချစ်မပါတဲ့အိမ်ထောင်ရေးကြီးကိုမတည်ဆောက်ချင်ဘူး ဒါပေမယ့်ကျွန်တော်နဲ့လက်ထပ်မယ့်သူကTaeဖြစ်နေတယ်လေ ကျွန်တော်ချစ်တဲ့သူပေါ့ တစ်နေ့တော့သူချစ်လာမှာပါဆိုတဲ့စိတ်နဲ့ဘဲကျွန်တော်ဖြေသိမ့်မိတယ် ချစ်တယ်Tae မြင်မြင်ချင်းအချစ်နဲ့ဘဲ*
YOU ARE READING
Guest(ဧည့်သည်)(Completed)
Romanceမဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်ဆိုပေမယ့် နှင်မထုတ်ရက်ခဲ့ပါဘူး Kim Tae Hyung×Kim Seok Jin