🤍Story လေးကRING-Sရဲ့စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။
🤍 စာဖတ်သူအနေနဲ့ စာရေးသူကိုဝေဖန်ထောက်ပြလိုပါက commentလေးတွေပေးခဲ့လို့ရပါတယ်။
🤍Story မှာ Mature Alert on ထားပီးသာဖြစ်လို့ EPISODE တိုင်းမှာ + signတွေပါပါတယ်ဆိုပီး သတိပေးချက်တွေထပ်မထည့်ပေးထားဘူးဆိုတာကြိုတင်အသိပေးပါရစေ။ အသက်မပြည့်သေးတဲ့ Readerလေးတွေဖတ်မိမှာစိုးလို့ပါ။
🤍တကူးတကဝင်ဖတ်ပေးတဲ့ သူတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နော်။
🤍ဝေဖန်မှုများကိုများစွာကြိုဆိုပါတယ်။
RING-S
🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍
Unicode
"ဒီစေ့စပ်ပွဲကိုလက်ခံလိုက် မင်းမြတ်!!!"
"အန်ကယ်လေး!!!"
ရတိပြတ်ရာဇသံပေးသလို ပြောလာသည့်စကားတစ်ခွန်းကြောင့် မင်းမြတ်ဘုန်း တစ်ယောက် ဦးလေးဖြစ်သူကိုမျက်လုံးလှန်၍ တချက်ခပ်စူးစူးကြည့်လိုက်မိသည်။ဤအပြု အမူသည်ရိုင်းပြသလိုဖြစ်နေမယ်ဆိုတာသိပေမယ့်လည်းအခုချိန်မှာတော့သူပြုမူလိုက်မိသည်။
ဧည့်ခန်းကျယ်ထဲမှာရှိနေသော ယောက်ျားသားနှစ်ယောက်၏ပြိုင်တူအော်ဟစ်စကားပြောသံများက တံခါးပိတ်ထားပေမယ့် လည်းအသံများကအခန်းအပြင်ဘက်သို့ဟိန်းကနဲတိုးထွက်လာ၏။
အပြင်မှာရှိနေသည့် အိမ်ထိန်းနှင့်အလုပ် သမားများမှာ လှုပ်တောင်မလှုပ်ရဲဖြစ်နေကြ။အဘယ်ကြောင့်ဆိုသော် စကားစစ်ထိုးနေကြသည့်လူနှစ်ယောက်လုံးသည်တစ်ယောက်က စံအိမ်သခင်ဖြစ်သလိုနောက်တစ်ယောက်ကလည်း စံအိမ်သခင်လေးဖြစ်နေသည်။
YOU ARE READING
"ကိုချစ်သော Aron" Completed ("ကိုခ်စ္ေသာ Aron") U&Z
Romanceအဖြူရောင်အဆင်းကိုချစ်မြတ်နိုးတဲ့မင်းလေးက ကိုယ့်ရဲ့ဖြစ်တည်မှုတခုလိုပါပဲ Ron, "မင်းမြတ်ဘုန်း" စာရေးသူ၏စိတ်ကူးဖန်တီးထားမှုတခုသာဖြစ်ပါသည်။