"ကို့လက်ကိုတွဲပါ Ron"

1K 83 2
                                    

နှင်းလုံးလေးတွေဖြေးညင်းစွာကျဆင်းနေသည့်နေရာဒေသမှာသူတို့နှစ်ဦးရှိနေတာဖြစ်သည်။ဖြူစွတ်စွတ်အရောင်နှင်းထုလွင်ပြင်ကြီးကမျက်စိတဆုံးရှိနေ၏။ညအချိန်အခါဖြစ်နေပေမယ့်လည်းကောင်းကင်ပြင်ကြီးတွင်စိမ်းဖန့်ဖန့်ဝါကြန့်ကြန့်အလင်းရောင်တချို့ဖျတ်ခနဲလက်ခနဲကူးလူးနေကြသည်။လွ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နှင်းလုံးလေးတွေဖြေးညင်းစွာကျဆင်းနေသည့်နေရာဒေသမှာသူတို့နှစ်ဦးရှိနေတာဖြစ်သည်။ဖြူစွတ်စွတ်အရောင်နှင်းထုလွင်ပြင်ကြီးကမျက်စိတဆုံးရှိနေ၏။ညအချိန်အခါဖြစ်နေပေမယ့်လည်းကောင်းကင်ပြင်ကြီးတွင်စိမ်းဖန့်ဖန့်ဝါကြန့်ကြန့်အလင်းရောင်တချို့ဖျတ်ခနဲလက်ခနဲကူးလူးနေကြသည်။လွင့်မျောနေတဲ့တိမ်စိုင်တိမ်မျှင်လေးတွေကလည်းဟိုဟိုဒီဒီပြေးလွှားလျှက်ရှိ၏။

အပူချိန်အနှုတ်ဒီဂရီရှိနေသည့်ပတ်၀န်းကျင်ကပို၍ပို၍ငြိမ်ကျလာသည်။နှင်းမှုန်များနှင့်အတူရောထွေးနေသည့်ထင်းရှုးပင်များကြားမှာသံခမောက်ပုံစံ Igloo လေးတလုံးရှိနေ၏။သီးသန့်ဆန်ဆန်ရှိနေသည့်ဖန်အိမ်လုံးလေးကနှင်းထုကြီးထဲမှာမြုပ်နေသလိုလို။ထိုအိမ်လေးအတွင်းမှာအဖြူရောင်အဆင်းရှိနေသည့်လူသားလေးကဟိုဟိုဒီဒီလမ်းလျှောက်ရင်းအချစ်စိတ်ပြင်းပြနေသောလူသားမုဆိုးကြီး၏လက်ထဲမှမလွတ်ချင်လွတ်ချင်ပုံစံဖြင့်ရှိနေရတာဖြစ်သည်။

Aron,ကျောပေါ်မှာစင်းကျနေသည့်ဆံနွယ်ဖြူများကိုလက်ဖြင့်သိမ်းဆည်းလိုက်ပြီးနောက်ကျောဘက်သို့လှည့်ကြည့်လိုက်မိသည်။သို့ပေမယ့်မင်းမြတ်ကသူ့မြင်ကွင်းထဲမှမရှိနေ။Aron,သူ့မျက်လုံးတွေကိုကြမ်းပြင်ပေါ်သို့ပို့လွှတ်လိုက်မိသည့်အခါသူ့တကိုယ်လုံးထပ်မံ၍တုန်ယင်သွားရတော့၏။ထိုစဉ်ကြည်လင်ပြီးသြသျှနေသည့်ရယ်သံတချို့ထွက်လာသည့်အခါသူ့နားလေးတွေဖြန်းခနဲပူလောင်သွားရသလိုလို။

အပြင်ဘက်ရှိအပူချိန်ကရေပင်ခဲလို့နေသော် လည်းသူကတော့တကိုယ်လုံးနီးပါးပူနွေးစိုစွတ်လာပြီးနွေဦးရာသီမှာရေငတ်နေသလိုပင်။မင်းမြတ်ထံမှပေးလာသည့်မထိတထိအထိအတွေ့အသစ်များကြောင့်Aron၏ ဆေးကူထားခြင်းမရှိသည့်နှုတ်ခမ်းလွှာလေးတွေကကုန်းပေါ်မှာလာတင်နေသည့်ငါးငယ်လေးတကောင်ကဲ့သို့ပင်။စက္ကန့်တိုင်းလိုလိုဟစိဟစိဖြစ်နေတော့၏။

"ကိုချစ်သော Aron" Completed ("ကိုခ်စ္ေသာ Aron") U&ZWhere stories live. Discover now