တစ်ဖက်မှာ K တစ်ယောက် ပွဲတက်ပြီး အလုပ်ကိစ္စတွေကိုကြိုးစားလုပ်ပြီး အမြန်ပြန်နိုင်ဖို့စိတ်စောနေခဲ့တယ်
အတွင်းရေမှူး-boss ပြန်နားရင်နားတော့လေ
K-အပြင်မှာတောင်အတော်မှောင်နေပြီပဲ
K အပြင်ကိုကြည့်လိုက်ရင်း ပြန်ဖြေလိုက်တယ်
အတွင်းရေးမှူး-လေယာဉ်လက်မှတ်ဖြတ်ထားပါတယ် ဒီမှာပဲနားမယ်ဆိုရင် ဟိုတည်ကို booking လှမ်းလုပ်ပါ့မယ် လက်မှတ်ကတော့ မနက်ဖြန် အချိန်ပြန်ပြောင်းလိုက်မယ်လေ
K-လက်မှတ်မပြောင်းနဲ့တော့ ဒီညပဲပြန်မယ် ဟိုတည်ကတော့မင်းတည်းဖို့ပဲလုပ်လိုက် အလုပ်ကျန်တာတွေလဲမင်းပဲဆက်ပြီးတာဝန်ယူပေးပါ မင်းလဲဒီမှာ ၃ရက်လောက်လည်လိုက်ပေါ့ ခွင့်ပေးတာ airport လဲလိုက်မပို့နဲ့တော့ ကိုယ့်ဟာကိုယ်ပဲသွားလိုက်တော့မယ်
K တစ်ယောက်ပြောပြီး အောက်မှာလာကြိုတဲ့ကားနဲ့ airport ကိုထွက်လာခဲ့တယ်
ညတွင်းချင်းလေယာဥ်နဲ့ပဲပြန်လာခဲ့တယ်
ဒီတစ်ခေါက်ပြန်လာတာ အမိမြေမဟုတ်ခဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ ဟင့်အင်း...နှလုံးသားတည်ရှိရာမြေဆိုပိုမှန်နေမလား....
At အင်ချွန်းလေဆိပ်
တစ်ညလုံးလေယာဥ်စီးပြီး နောက်ဆုံးတော့ပြန်ရောက်ခဲ့ပြီလေ
ပထမတစ်ခါလာခဲ့တုန်းကထက် ပို၍စိတ်လှုပ်ရှားနေသည် ဘာကိုစိတ်လှုပ်ရှားနေမှန်းတော့ အတိအကျမသိခဲ့....Jen တို့တစ်အုပ်စုလုံး အပန်းဖြေအိမ်ရောက်နေတယ်ဆိုလို့ အဲ့အိမ်ကိုပဲလိုက်သွားလိုက်တယ်
ကိုယ်ကပဲစောရောက်နေတာလား သူတို့ကပဲမထသေးတာလား မသဲကွဲ တစ်အိမ်လုံးတိတ်ဆိတ်ခြင်းအတိ..
လူကအလုပ်ပင်ပန်းတာရော လေယာဥ်စီးလာတဲ့အရှိန်ကြောင့်ရော မလှုပ်ချင်တော့
အိမ်တော်ထိန်းကိုပြောတာ ကိုယ့်အခန်းထဲဝင်ပြီး ဝင်နားလိုက်တော့တယ်
Lisa အိပ်ရာကနိုးလာတော့ ဘေးမှာအိပ်နေတဲ့ ချစ်ဇနီးလေးကိုအသာနမ်းကာ ရေချိုးပြီးအောက်ထပ်ဆင်းလာခဲ့သည်
YOU ARE READING
She is comming to me
Fanfictionကိုယ်ချစ်တဲ့သူအနားမှာ မရှိတော့တဲ့အခါ ထာဝရရှင်သန်ခြင်းဆိုတာလဲ ထာဝရသေဆုံးခြင်းပါပဲ KARDRA MAUNG