Stay With Me{Part-1}
{First Part}
"ရှောင်းကျန့်"
ဒီနေ့ရှောင်းကျန့်သင်တန်းနားရက်မို့ခြံထဲကပန်းပင်လေးတွေကိုရေလောင်းနေတုန်းခြံရှေ့ကိုရောက်ရှိလာတဲ့ငယ်သူငယ်ချင်းကြီးYibo။ဒီကောင်ဘာလာလုပ်ပြန်ပြီလည်းလို့မတွေးနဲ့။ထုံးစံတိုင်းပေါ့။
ရှောင်းကျန့်လက်ထဲကရေပိုက်ကိုချလိုက်ပြီးခြံတံခါးသွားဖွင့်ပေးတော့သွား၃၂ချောင်းပေါ်အောင်ပြုံးပြလာတဲ့Yibo။
"ဟီးးးရှောင်းကျန့်....မင်းဘာလုပ်နေတာလဲ"
"ရေလောင်းနေတာလေ....မင်းအပိုတွေမမေးပါနဲ့...ခုငါ့ဆီလာတာဘာကိစ္စလဲ..."
"မင်းကလည်းသိရဲ့သားနဲ့မသိချင်ယောင်ဆောင်ပြန်ပြီ"
"အမြင်ကပ်လို့ဟေ့...ရှင်းလားးးနေပါဦးYibo...ငါမင်းကိုမေးပါရစေဦးးးမင်းဘယ်ချိန်ကျမှမိန်းကလေးတစ်ယောက်ကိုအတည်တကျတွဲဖို့ဆုံးဖြတ်ထားလဲ"
"မင်းကလဲကွာ....ငယ်တုန်းရွယ်တုန်းလေးရည်းစားထားရတာကွ...20ကျော်၃၀ဆိုရင်အိမ်ကပေးစားတဲ့မိန်းမကိုယူရမှာ....အဲ့ချိန်ကျရင်အိမ်ထောင့်တာ၀န်တွေ...လင့်၀တ္တရားတွေနဲ့ငါအချုပ်ကျတော့မှာ....လွတ်လွတ်လပ်လပ်လေးနေခွင့်ရတုန်းနေပါရစေကွာ"
"မဟုတ်သေးဘူးYibo....မင်းမိန်းကလေးတစ်ယောက်ကိုအတိတကျတော့တွဲသင့်နေပြီကွ....မိန်းကလေးတွေရဲ့သိက္ခာကရှိသေးတယ်လေ...တကယ်လို့.."
"ရှောင်းကျန့်....မင်းဓာတ်ပြားဟောင်းကြီးမဖွင့်ပါနဲ့တော့ကွာ....မင်းဘာပြောမလဲဆိုတာငါအလွတ်ရနေပြီ...မင်းဓာတ်ပြားဟောင်းဖွင့်ချင်ရင်နောက်မှဖွင့်....ခုတော့အ၀တ်စားအရင်သွားလဲလိုက်နော်....လုပ်ပါကွာ....ငါစောင့်နေမယ်...နော်နော်နော်"
"မင်းကလေ...တကယ့်ချီးထုပ်ဘဲ....ကျောင်းကတည်းကမင်းဒဏ်ကိုခံရတဲ့၀ဋ်ကခုထိခံနေရတုန်း"
ပါးစပ်ကသာပြောတာပါ။ကျွန်တော့်ခြေလှမ်းတွေကတော့အိမ်ထဲကနေတစ်ဆင့်ကျွန်တော့်အခန်းရှိရာကိုဦးတည်သွားခဲ့ပြီ။ရေချိုးခန်းထဲ၀င်ပြီးရေအမြန်ချိုးအ၀တ်စားကိုသပ်သပ်ရပ်ရပ်၀တ်ပြီးတာနဲ့အောက်ထပ်ကိုပြန်ဆင်းလာခဲ့တယ်။