Stay With Me{Part-3}

44 5 0
                                    

Stay With Me
{Third Part}

"အန်တီ...ရှောင်းကျန့်ရှိလား"

"Yiboပါလားးးမင်းသူငယ်ချင်းရှိပါတယ်...အပေါ်ထပ်မှာ...ပြန်ရောက်ကတည်းကခုထိအခန်းထဲမှာဘဲ"

"ဟုတ်...ကျွန်တော်သူနဲ့တွေ့လို့ရမလားးအန်တီ"

"ရပါတယ်သားရဲ့....ခုရောဘယ်သွားမလို့လာခေါ်တာလဲ"

"အာ...ဘယ်မှမသွားပါဘူးအန်တီ....မနက်ကကျွန်တော်သူ့ကိုစိတ်ဆိုးအောင်လုပ်လိုက်မိလို့ပါ"

"မင်းတို့ကတော့လေ....ကဲသွားသွားးသူ့အခန်းထဲမှရိှတယ်"

"ဟုတ်ကဲ့"

တော်သေးတာပေါ့။သူရှိနေသေးလို့။ကျွန်တော့်ရင်ဘတ်ထဲကအပူလုံးကခုမှဘဲကျသွားတော့တယ်။

*မင်းငါ့ကိုစိတ်ဆိုးနေတာလားရှောင်းကျန့်....ငါမင်းကိုရအောင်ချော့မှာ...မင်းငါ့ကိုကြာကြာစိတ်မဆိုးနိုင်ပါဘူးကွာ*

ကျွန်တော်ကိုယ့်အတွေးနဲ့အတူပြုံးမိသွားပြီး၀မ်းသာအားရရှောင်းကျန့်အခန်းဆီတက်လာခဲ့တယ်။အခန်းရှေ့ရောက်တော့တံခါးကစေ့ရုံစေ့ထားတာမို့ကိုယ့်တိုင်ဘဲတံခါးဖွင့်ပြီးအခန်းထဲ၀င်လာခဲ့တယ်။လူကိုမတွေ့တာနဲ့ရေများချိုးနေမလားလို့တွေးမိသေးတယ်။မဖြစ်နိုင်တာ။စောစောကဖုန်းခေါ်တုန်းကဘဲရေချိုးနေတယ်လို့ပြောတာကို။ဘယ်သွားလိုက်ပါလိမ့်။
မတွေ့တော့လည်းထိုင်စောင့်နေမှာပေါ့ဘာဖြစ်လဲ။

"မင်းဘာလာလုပ်တာလဲYibo"

ကုတင်ပေါ်ကိုထိုင်ဖို့ပြင်နေတုန်းရှိသေးအ န်းထဲ၀င်လာတဲ့ရှောင်းကျန့်​ကြောင့်ကျွန်တော်မထိုင်ဖြစ်တော့ဘဲ....

"ရှောင်းကျန့်.....မင်းဘယ်သွားနေတာလဲ....ငါကမင်းဆီလာတာ...အန်တီကမင်းအခန်းထဲရှိတယ်ဆိုလို့တက်လာတာ...ဒီရောက်တော့တံခါးစေ့ထားတာဘဲတွေ့လို့...ဟီးးး"

"အဲ့ဒါကြောင့်ကိုယ်တိုင်ဖွင့်ပြီး၀င်လာတယ်ပေါ့....မင်းမှာယဥ်ကျေးမှုမရှိဘူးလားYibo....သူများအခန်းထဲကိုပိုင်ရှင်မသိဘဲ၀င်တာ"

"အာ....ဟုတ်သားးsorryပါကွာ....ငါကမင်းအခန်းထဲရှိတယ်ထင်လို့...သွေ့ပုချိသွေပုချိ"

Stay With MeWhere stories live. Discover now