WINTER BEAR (One short)

2.8K 208 25
                                    

Unicode

"အဆင်ပြေနေတယ်မလားအကို...."

​ကြည်လဲ့လဲ့မြစ်ရေပြင်ရဲ့အဝေးတစ်နေရာကိုကြည့်ပြီး တိုးလျော့သောစကားသံလေးကို သူဆိုလိုက်မိသည်။
အကိုကြားနိုင်မလားပေါ့....

တသွင်သွင်စီးဆင်းနေတဲ့မြစ်ရည်ကြည်တွေကပြောင်းလဲခြင်းမရှိ အရင်တိုင်းပါပဲ.....
အရင်ကလိုပဲ မြူနှင်းတွေကျဆင်းနေသလိုလေညှင်းလေးတွေလည်းတိုက်ခတ်နေတုန်းပဲ.....
အရင်ကလို ဒီနေရာ​လေးကတိတ်ဆိတ်မြဲ
တိတ်ဆိတ်နေတုန်းပဲချစ်ရတဲ့အကိုရယ်.....

ဒါပေမဲ့အကိုသိလား.......။
ကျွန်တော်ပထမဆုံးဒီနေရာရောက်တုန်းကလို မြူနှင်းတွေဆင်းသက်နေတဲ့ ဟော့ဒီ
နေရာလေးမှာ ရပ်​နေတဲ့နှင်းဝက်ဝံလေးကတော့ရှိမနေတော့ဘူး.......
ကျွန်တော်အရမ်းလွမ်းတယ် အဲဒီနှင်းဝက်ဝံလေးကို.....
ရပ်တန့်မရတဲ့ချိန်တွေကတိုက်စားကုန်လွန်လာခဲ့လိုက်တာ အခုဆိုသုံးနှစ်ရှိခဲ့ပြီ .....
အဖြစ်အပျက်တွေကမနေ့တစ်နေ့ကလိုပါပဲအကို.....
ဒဏ်ရာတွေကလည်း လတ်ဆတ်နာကျင်နေတုန်းဖြစ်သလို နက်နဲတဲ့ခံစားချက်တွေကလည်းနှလုံးထားထဲကြီးစိုးလွှမ်းမိုးနေဆဲပါပဲ....။
အရင်ချိန်တွေကိုမတွေးမိဖို့ ဉီးနှောက်ကအသိပေးတားမြစ်နေခဲ့ပေမဲ့ နှလုံးသားကတော့မနာခံခဲ့ဘူးအကို။
နာကျင်မှန်းသိရက်နဲ့ ဆက်တွေးနေတုန်းပါပဲ
မျက်ရည်တွေကတော့ ကျွန့်တော်ရဲ့အဖော်ပေါ့အကိုရယ်......
နာကျင်ခြင်းတွေရဲ့အလွန်မှာတော့ချစ်ရတဲ့အကိုအဆင်ပြေနေဖို့ ကျွန်တော်ဆုတောင်းပါတယ်။
.
.
.
.
.
.

Before 3 year .....

ကျောင်းပြီးသွားတဲ့jungkookက မိဘတွေနဲ့သဘောတူညီချက်ယူပြီး Daeguကိုအလည်ရောက်လာခဲ့သည်။
Daeguမှာအနားယူပြီးရင် မိဘတွေရဲ့အလုပ်ကိုဉီးစီးလုပ်ကိုင်မယ်ဆိုပြီး။

အေးစက်စက်ဆောင်းရာသီ၏ မနက်ခင်းတွင်အပြင်ထွက်သွားလာနိုင်ဖို့အတွက်ကိုjungkookမှာ အနွေးထည်ထူထူဝတ်ဆင်ရသည်။ အခုလိုအချိန်ထွက်လာခဲ့သည်က ပန်းချီဆွဲလို့အဆင်ပြေမည့် တိတ်ဆိတ်ပြီးသဘာဝဆန်တဲ့နေရာလေးတစ်ခုအား ရှာရန်။

Daegu၏ဆောင်းရာသီက Seoulထက်တောင်ပိုအေးနေသည်လားမှတ်ရအောင်အေးစိမ့်နေလို့သည်။
ဒီနေ့မှာနှင်းတွေကလည်း သက်ဆင်းကြွေကျနေတာကြောင့်အအေးဓာတ်က ပြောစရာမလို
လောက်အောင်ပင်။

You've reached the end of published parts.

⏰ Last updated: Mar 10, 2022 ⏰

Add this story to your Library to get notified about new parts!

WINTER BEAR (One Short)Where stories live. Discover now