uni

289 30 0
                                    

We met again Halloween (oneshort -zhanyi)

'ရိပေါ်ရေ ရိပေါ် မင်းဘယ်ရောက်နေတာလဲ'
ဖန်ရှင်း halloween ဝတ်စုံနဲ့ အိမ်အဝကနေရောက်
ရောက်ခြင်းအော်လိုက်တာကြောင့်

ဝမ်မားတယောက် ဟင်းချက်နေတဲ့
ဇွန်းကိုကိုင်ကာ ထွက်လာရင်း

'သားသူငယ်ချင်းက အခန်းထဲမှာ
ဘာတွေလုပ်နေမှန်းလဲ အန်တီမသိဘူး
သားတက်သွားပြီ အခန်းပြင်သာရအောင်ခေါ်ခဲ့တော့'

'ဟုတ် အန်တီ
သားသွားလိုက်မယ်'

လှေကားကနေ အိမ်အပေါ်ထပ်ကိုတက်လာရင်း
အခန်းတံခါးဖွင့်ကြည့်လိုက်တော့
တွေ့ပါပြီ သူ့သူငယ်ချင်းရိပေါ်
'အိပ်နေတာ ဆင်အော်တာတောင်ကြားမှာမဟုတ်

'ရိပေါ်ထတော့ ဟေ့ကောင်ညနေစောင်းနေပြီ
နေမကောင်းးဖြစ်နေမယ် မအိပ်နဲ့တော့'

'မား၅မိနစ်'

ပြောကာမှ စောင်တောင်ပြန်ခြုံကာအိပ်သွားတဲ့ သူငယ်ချင်း
ငါလေးရှင်ချင်တယ်
သူ့ကိုမားတဲ့ ဟူးစ်

'ဟေ့ကောင်ထတော့
ဒီည halloweenလေကွာ
အပြင်သွားပြီး ကဲကြမယ်လေ'

'ဟင် ဟုတ်သားဘဲ
ငါရေချိုးလိုက်အုံးမယ် ခနစောင့်နေနော်'

'အေး ငါဧည့်ခန်းထဲမှာစောင့်နေမယ်'

ဖန်ရှင်းစောင့်နေရင်း
ဆင်းလာပါပြီ ရိပေါ် vampire ဝတ်စုံနဲ့
တခါမှ halloween ပွဲကိုမကြိုက်တဲ့ ရိပေါ်က
ဖန်ရှင်းကြောင့်ဆိုတာထက်
တယောက်သောသူ့ကြောင့်
သူဟာ halloweenနေ့မှာ အမြဲ vampireဝတ်စုံနဲ့ ထိုသူကိုရှာနေခဲ့တာ
ခုဆို၅နှစ်ရှိသွားပြီ

'လာသွားးမယ်  မားရေ သားတို့ ညမိုးချုပ်မယ်သွားပြီနော်'

မားပြန်မဖြေခင်ထွက်လာခဲ့သည်။

ထို့နောက် ပွဲတော်များရှိတဲ့နေရာတွေကို
လမ်းလျောက်လာကြရင်း

'ဟင် ခန ခနရပ်ပါအုံး
ဦး....
ဦးလားဟင် '

ရိပေါ်လမ်းလျှောက်လာရင်း
သူတို့သူငယ်ချင်းနှစ်ယောက်အလည်ကိုမှ ဝင်တိုက်သွားတဲ့သူတစ်ယောက်

သူစောင့်နေရတယ့် ဦးအထင်နဲ့
လိုက်ရှာနေမိသည်။

'ရိပေါ်မင်းလူမှားတာနေမှာပါ'

We met again halloweenWhere stories live. Discover now