အပိုင်း(၂၇)

124 20 1
                                    

ယနေ့သည် ထက်ရှားနှင့်ရှင်းနောင်တို့၏ ဒုတိယအကြိမ်မြောက်ချိန်းတွေ့သည့်နေ့ဖြစ်သည်။ ချစ်သူဖြစ်ခဲ့ကြသည့်လများတွင် နှစ်ဦးသားလွတ်လွတ်လပ်လပ်တွေ့ဆုံရသည်မှာ ယနေ့အပါအဝင်နှစ်ကြိမ်သာရှိသေးသည်။ လွတ်လပ်ခြင်းကိုသဘောကျသောထက်ရှားသည် စားစရာများကိုဝယ်ပြီး မြို့ပြင်တွင်နေရသည်ကိုကြိုက်သောကြောင့် ရှင်းနောင်က ထက်ရှားအလိုကျလိုက်လျောပေးသည်။

မြို့ပြင်သို့မရောက်မီ သူတို့နှစ်ယောက် အင်္ကျီဆိုင်အရင်ဝင်ကြသည်။ ရှင်းနောင်ရဲ့သဘောအတိုင်း လက်မကိုင်ပေးတော့ပေမယ့် ထက်ရှားကအပြင်ထွက်လျှင် ရှင်းနောင်ပခုံးကိုမလွှတ်တမ်းဖက်ထားတတ်သည်။ ရှင်းနောင်ကတော့ သူ့အပေါ်ပိုင်ဆိုင်ကြောင်းပြနေသည့် သူ့ချစ်သူကောင်လေးကို ပြုံး၍သာကြည့်နေတတ်သည်။

သဝန်တိုလိုက်စမ်း ပိုင်ဆိုင်ကြောင်း​ကြွားပစ်စမ်း တစ်ဝကြီးချစ်ပစ်စမ်း ငါကလဲပျော်ပျော်ကြီးအချစ်ခံပစ်မယ်!

အတွင်းစိတ်ထဲမှာသာ ထိုသို့ဟစ်ကြွေးနေပေမယ့် အပြင်တွင်တော့ခပ်ပြုံးပြုံးလေးသာ။ ပညာရှိအမျက် အပြင်မထွက်ဘူး မဟုတ်ပါလား။

"အစ်ကို ဒီနေ့ကျွန်တော်အစ်ကို့ကိုအင်္ကျီဝယ်ပေးမယ် "

"ကိုလတ်ဝယ်ပေးတဲ့အင်္ကျီကို အစ်ကိုမနက်ဖြန်ရုံးသွားရင်ဝတ်မယ်"

"အစ်ကိုက စတိုင်လ်ပန်တွေလဲဝတ်တော့ အဲ့ဒါလဲဝယ်ပေးမယ်"

"အင်း အစ်ကိုမနက်ဝတ်သွားမယ်"

"ဟို တစ်စုံစာပဲတတ်နိုင်လို့စိတ်မကောင်းပါဘူးအစ်ကို"

"အစ်ကိုက သိမ်ငယ်စိတ်ဝင်တာမကြိုက်မှန်းသိတယ်မလား အခုမဝေယ်ပေးနိုင်ဘူးမလား နောင်ဝယ်ပေးနိုင်အောင်ကြိုးစားပေါ့ "

"အင်း အစ်ကို့ကိုအရမ်းချစ်တယ် "

"စိတ်ကြိုက်ချစ်လို့ရတယ်ကိုလတ် "

ချစ်သူဖြစ်ပြီး တစ်ယောက်အပေါ်တစ်ယောက်နားလည်လာသည့်နောက် သူကချစ်တယ်ပြောရင် ကိုယ်ကပိုချစ်တယ်လို့ပြန်မဖြေဖြစ်တော့ပေ။ ချစ်ပေးချင်တဲ့ချစ်သူကို စိတ်ကြိုက်ချစ်ခွင့်ပေးထားလိုက်တော့သည်။

အလတ်ကောင်Where stories live. Discover now