Ep 4

1.3K 188 18
                                    

Uni

Ep 4

Hobi -အရှင် ဘာလို့တစ်ယောက်တည်းလျှောက်သွားရပြန်တာလဲအရှင်

Joon- မွေးထဲက တစ်ယောက်တည်းမွေးလာတာ တစ်ယောက်တည်းနေရတာပဲကြိုက်တယ်

Hobi- ဒါပေမဲ့ အရှင်.

Joon- တော်တော့ ငါ့လို ရုပ်ဆိုးတဲ့လူက လူတွေနဲ့ရောထွေးနေရတာမျိုးကိုကြိုက်မလား

Hobi -အရှင်ရယ် မဆိုးပါဘူး အရှင်ကဒီလောက်ခန့်ညားတာ

Joon -တော်ပီ အဲ့နှစ်သိမ့်စကားတွေမလိုဘူး ငါခိုင်းစရာရှိတယ် အခန်းထဲလာခဲ့

Hobi -ဟုတ်ကဲ့ပါ အရှင်

အရှင်က ဘယ်တုန်းကမှ ကျွန်တော့်စကားတွေနားမထောင်တတ်ခဲ့ပါ....ဆယ်ကျော်သက်အရွယ် ထဲကခစားခဲ့ရတဲ့ လူမို့အရှင်ဘယ်လောက်ချောကြောင်း ဘယ်လောက်ခန့်ညားကြောင်းကျွန်တော်သိပါသည်...... အဲ့ဒီကျိန်စာလိုအရာသာ မရှိခဲ့ရင် အရှင်သည်ဒီလောကတွင် အခန့်ညားဆုံးပင်.....ယခုတောင်ကျွန်တော့်မျက်လုံးထဲတွင်အခန့်ညားဆုံးဖြစ်လေသည်........။

Joon- မြှောင်နိုင်ငံရဲ့ကြင်ယာတော်အကြောင်း စုံစမ်းပေး

Hobi- ကြင်ယာတော်အကြောင်း ဘာလို့

Joon -အဲ့ကြင်ယာတော်က ခိုလာနိုင်ငံရဲ့ကြင်ယာတော်ဖြစ်လာရမှာမို့လို့

Hobi- ဗျာ

Joon -ဟုတ်တယ် အဲ့အလှလေးကို ငါမြင်မြင်ချင်းချစ်မိခဲ့တာ ထူးဆန်းလွန်းတယ် ငါရုန်းမထွက်နိုင်ဘူး သူ့အလှမှာ

Hobi -အဲ့မိန်းကလေးကတော်တော်လှလို့လားအရှင်

Joon -မဟုတ်ဘူး အဲ့ဒါ ယောက်ျားလေး

Hobi- ဗျာ

Joon -အင်း ယောကျ်ားလေးနဲ့မတူလောက်အောင်လှတယ် ပီးတော့ မင်းသိတယ်မလား ငါ့
ကျိန်စာကိုလေ ငါသူ့နားရောက်ရင် အရင်ကလိုနဂိုရုပ်ပြန်ဖြစ်သွားတယ် ငါ့စိတ်တွေအေးချမ်းသွားတယ် သူ့မျက်နှာလေးမြင်လိုက်ရရုံနဲ့ကို ငါပျော်နေမိတာ.....

Hobi -ဒါပေမဲ့အရှင် သူက မြှောင်နိုင်ငံရဲ့ကြင်ယာတော်ဆို

Joon -အဲ့ဒါ ဘာဖြစ်လဲ ကြင်ယာတော်ဖြစ်လာမဲ့လူလေ မဖြစ်သေးဘူး ငါသူ့ကိုလိုချင်တယ် သူ့ကိုရဖို့ဆို ငါအဲ့ဘုရင်နဲ့လဲယှဥ်ပြိုင်နိုင်တယ်

My Precious One 💙(Namjin) CompletedWhere stories live. Discover now