0️⃣2️⃣

28 5 0
                                    

[ ကစားသူ ဖေးရှောင်းဇီကို 'Accidental mark' ဝတ္ထုကနေ ကြိုဆိုပါတယ် ]

[  ဝတ္ထုထဲကို ကူးပြောင်းခြင်းsystem ရဲ့ အဓိကဦးတည်ချက်ကတော့: အဓိကဇာတ်ကောင် ကို ပြုစုပျိူးထောင်ပြီး သူရဲ့မင်းအပေါ် အကောင်းမြင်စိတ် point 100ထိရောက်အောင် ပြုလုပ်ပါ ]

[အဓိကဇာတ်ကောင်ချန်းရှ လိုင်းပေါ်တက်လာပါပြီ. သူကအခု သူရဲ့ထိခိုက်လွယ်တဲ့ အချိန်ကာလ အပိုင်းအခြားမှာရောက်နေအတွက် မင်းသူ့ကို ဘာပဲလုပ်လုပ် သူပြန်ခုခံနိုင်မှာ မဟုတ်ပါဘူး]

စက်ရုပ်သံကို နောက်တစ်ကြိမ် သူ့ရဲ့ခေါင်းထဲမှာ ထပ်ကြားလိုက်ရသည်. အဲ့တော့မှ ဖေးရှောင်းဇီ ဘာလို့ omega, pheromones ပြီးတော့ ချန်းရှဆိုတဲ့နာမည်ကို ရင်းနှီးနေလဲဆိုတာ သတိရသွားသည်.

ဝတ္ထုတစ်ခုရဲ့ ကမ္ဘာ....

ဒီနေ့ ဟိုတယ်ကိုသွားတဲ့လမ်းမှာတုန်းက သူညီမလေးက Accidental Markဆိုတဲ့ ဝတ္ထုကို ဖတ်နေတဲ့အကြောင်း ပြောခဲ့သည်. ဝတ္ထုထဲမှာ ဇာတ့ကောင်ရဲ့ နာမည်ကလည်း ဖေးရှောင်းဇီဖြစ်သည်. သူ့မှာ သူနဲ့နာမည်တူတူရှိပြီးတော့ Entertainment ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်လည်း ဖြစ်သည်.

သူ သူ့ညီမဖတ်နေတဲ့ ဝတ္ထုကို စိတ်ဝင်စားမှုမရှိခဲ့သလို အချက်အလက်တွေကိုလည်း သေချာမမေးမိခဲ့ပေ. သူသိတာဆိုလို့ ဒီဝတ္ထုက ABOပုံစံဆိုလေးပဲရှိတယ်. စာအုပ်ထဲမှာပါတဲ့ ဇာတ်လ်ုက်ဖေးရှောင်းဇီက Alphaဖြစ်ပြီးတော့ အခြားဇာတ်လိုကကို ချန်းရှလို့ခေါ်တယ်ဆိုတာပဲ သိတယ်. အရက်သောက်တာများပြီး မအီမသာဖြစ်နေလို့ အိပ်ဆေးသောက်လိုက်ရာကနေ ဝတ္ထုထဲကို တကယ်ရောက်သွားတာလား?

သူ့ခေါင်းထဲက စက်ရုပ်သံက ကစားသမားတွေကို လမ်းညွှန်ပေးတဲ့ NPCလား?

ဖေးရှောင်းဇီ စိတ်အေးအေးထားလိုက်ပြီးတော့ သူ့စိတ်ထဲကနေပြောလိုက်သည်. ”ငါအလုပ်အရမ်းရှုပ်နေတာ ဒီပျင်းစရာကောင်းတဲ့ ဂိမ်းကို ကစားဖို့ မအားသေးဘူး. အခြားသူကိုရှာလိုက်. ငါပြန်သွားချင်တယ်”

System 1022က ခဏတောင့်သွားပြီးတော့ အသည်းအသန်ပြန်ရှင်းပြတော့သည်. [ ငါတောင်းပန်ပါတယ်, စာအုပ်ထဲသို့ ကူးပြောင်းတဲ့ဂိမ်းက ကစားသူနဲ့ ချိတ်စက်ပြီးပြီဆို ရွေးခံရတဲ့ကစားသူက ငြင်းပယ်ခွင့်မရှိတော့ပါဘူး. ပေးထားတဲ့ တာဝန်ကို ပြီးအောင်လုပ်ပြီးမှ မင်းရဲ့ မူလကမ္ဘာကို ပြန်နိုင်မှာပါ]

Accidental Mark(MM Tran)Where stories live. Discover now