Diary ပုံစံဖြင့် ရေးသားထားခြင်းဖြစ်ပါသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နံနက် ၇:၀၀ (ရန်ကုန်)-
လတစ်လ၏ နေ့စွဲအသစ်စ၍ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရန် ကျွန်မ အိပ်ယာမှ နိုးထခဲ့သည်။ ထုံးစံအတိုင်း အလုပ်မှ စာများ ဝင်နေ၍ ဖတ်နေရင်း ကွန်ပျူတာ ဖွင့်ခါ အလုပ်စတင်ရန် ပြင်ဆင်နေခဲ့သည်။ ထိုအချိန်ထိ ကျွန်မ သည် ကျွန်မတို့၏ မြန်မာနိုင်ငံတော်ကြီးကို ၁၉၈၈ သို့ ပြန်လည် ခေါ်ဆောင်သွားမည်ဟု အတွေးမဝင်မိသေးပါ။
နံနက် ၈:၀၀-
Facebook စာမျက်နှာများတွင် နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်(အမေစု) တို့အား တပ်မတော်မှ ထိန်းသိမ်းထားကြောင်း သတင်းများ တက်လာသည်။
လူအတော်အများ အင်တာနက်လိုင်းများ၊ ဖုန်းဆင်သွယ်ရေး ခေါ်ဆောင်မှု များ တစ်နိုင်ငံလုံးအနှံ့အပြား ပြတ်တောက်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကျွန်မ လက်ရှိအသုံးပြုနေသော အင်တာနက်လိုင်း သည် မပြတ်တောက်ခဲ့ သဖြင့် ကမ္ဘာကြီးနှင့် ထိုအချိန်တွင် အဆက်အသွယ် မပြတ်ခဲ့ပါ။ သို့သော် မြန်မာပြည်ရှိအခြားသူများနှင့် အဆက်အသွယ် လုံးဝမရရှိခဲ့ပါ။နံနက် ၉:၀၀-
တီဗွီ မှ လာနေကြ အစီအစဉ်များလဲ မလာတော့ပါ။ တပ်မတော်ပိုင် ရုပ်သံ များဖြစ်ကြသော မြဝဒီ နှင့် မြန်မာ့ အသံ တို့မှ သာ ကျွန်မတို့ ငယ်စဉ်က ကဲ့သို့ စစ်ချီသံတေး သီချင်ူများသာ အဆက်မပြတ် ထုတ်လွှင့်နေသည်။အသိအချို့ဆီမှ တပ်မတော် မှ နိုင်ငံတော် အာဏာအား အဓမ္မ သိမ်းပိုက် ၍ တစ်နှစ်လွှဲပြောင်း ယူလိုက်ကြောင်း ကြားသိခဲ့ရသည်။
အမေစု နှင့် သမ္မတကြီး အား နံနက် ၅:၃၀ အချိန်တွင် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်းများ စတင်ထွက်လာသည်။နံနက် ၉:၃၀-
ဒုတိယ သမ္မတ အား ယာယီ သမ္မတ အဖြစ် ခန့်အပ်
လိုက်ကြောင်းကြေညာသည်။ ဆက်သွယ်ရေး များမရရှိသေးပါ။ အလုပ်ချိန် စတင်ရမည် ဖြစ်သော်လည်း အခြားသူများ၏ အင်တာနက်လိုင်းများ ပြတ်တောက် သွားသ
ဖြင့် အလုပ်လုပ်၍ မရတော့ပါ။ မနက်စာလဲ စားမ
ဝင်တော့ပါ။နံနက် ၁၀:၃၀-
ဒုတိယ သမ္မတ မှ ယာယီ သမ္မတ ရာထူးအား ကာကွယ်ရေး မှူးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လွှဲပြောင်း ပေးလိုက်ကြောင်း ကြေညာလိုက်သည်။ သမ္မတကြီးနှင့် အမေစုအား ထိန်းသိမ်းထားပြီး နိုင်ငံတော် အား တစ်နှစ် အာဏာ သိမ်းပိုက်ရခြင်းမှာ ၂၀၂၀ ခုနှစ်
နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲမှ၌
မဲစားရင်းလိမ်မှု ကြောင့် ဟု မတရား ဆွဲဆို
ပြောကာ ကျွန်မ တို့၏ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအား ၂၀ရာစု ကဲ့သို့ ရောက်သွားရန် အမှောင်ချလိုက်လေသည်။နေ့လည် ၁၂:၀၀-
ရန်ကုန်ရှိ ဖုန်းလိုင်း အချို့ ပြန်လည် အသက်ဝင်လာသည်။ ပြည်သူအားလုံး နီးပါး မိမိတို့၏ အနိုင်ရ အစိုးရ
သစ်အား ထိုကဲ့သို့ ဖမ်းဆီးသွားကြောင်း ကြားသိရသဖြင့် ဒေါသ များ ထွက်ကြ၊ ငိုကြွေးကြရသည်။ နိုင်ငံရေး စိတ်မဝင်စားသူလူငယ်များ ပင်လျှင် မိမိတို့ ပထမဆုံး ပေးခဲ့ရသော မဲအား လိမ်ညာခြင်းဟု ပြောဆိုသောကြောင့် မတရားမခံနိုင်ကြောင်း မိမိတို့၏ ဆန္ဒအား Facebook, Twitter နှင့် Instagram စသည့် Social Media များတွင် ထုတ်ဖော်ပြောဆိုလာကြသည်။ညနေ ၄:၀၀-
တနေကုန် မည်သည့် အစာမှ သေချာ စား မဝင်တော့ပါ။
လူထုအားလုံးလည်း အချင်းချင်း ၈၈အရေးတော်ပုံကဲ့သို့ မဖြစ်ပွါးစေရန် အွန်လိုင်းပေါ်မှသာ တော်လှန်ရေးပြု
လုပ်ရန် အသိပေး၊သတိပေးကြသည်။ညနေ ၆:၀၀-
ပုံမှန် လုပ်နေကြ မည်သည့် အလုပ်မှ မလုပ်နိုင်ပါ။ ညနေစာလဲ စားမဝင်တော့ပါ။ ကျွန်မတို့ ရည်မှန်းထားသော COVID-19 အလွန် New Normal Life လည်း မရရှိတော့ပါ။ အိပ်မက်များ အား Military Coup d'etat မှ ဖျက်ဆီး
လိုက်ကြလေပြီ။ 2021 ဟူသော ကာလကြီးတွင်ပင် ဤကဲ့သို့ အဓမ္မသိမ်းပိုက်ခြင်းကြီး ဖြစ်ပွါးခဲ့ရပြီ။ထိုည ၁ ရက်နေ့ မှ စ၍ ကျွန်မတို့၏ သာယာ တိုးတက်ဖွံ့ဖြိုးနေသော နိုင်ငံသည် မအေးချမ်း၊မလုံခြုံ၊မတည်ငြိမ်တော့ပါ။ အိပ်၍ လည်း မရကြတော့ပါ။ ရွံရှာဖွယ်ကောင်းလှသော အသားထဲမှ လောက်ထွက်ခြင်း ထပ်မံ ဖြစ်ပေါ်ခဲ့ချေပြီ။
(ဆက်လက်၍ ဖော်ပြပါမည်)
စာကြွင်း- ပြင်ဆင်ထည့်သွင်းလိုသော အချက်များရှိပါက ပြောနိုင်ပါသည်။