superstar လေးနှင့်သူ၏အချစ်မှတ်တမ်း(1)

2.9K 108 30
                                    

တီတီတီတီ........

နေ့စဉ်အချက်ပေးသံက ကျွန်တော့်အတွက်တော့ တော်တော်လေးကို
ရက်စက်လွန်းလှပါသည်။ တစ်ရက်ကလေး
မျှပင် ညှာတာပေးခြင်းအလျဉ်းမရှိ။

ကျွန်တော်ဆိုသည်မှာလည်း အချက်ပေးသံကြားသည်နှင့် အမိန့်ပေးစရာမလိုဘဲ ချက်ချင်းအိပ်နေရာမှ
ဆတ်ကနဲထကာ အဆင်သင့်ထိုင်ပီးသား။
အချိန်ကိုတော့ဘယ်နှစ်နာရီရှိပီးလည်းဆိုတာ
ကြည့်စရာပင်မလို ။

ထချင်သည် မထချင်သည်ဆိုတာမိမိအတွက်
ရွေးချယ်နေစရာကို မလိုတာကြောင့်
ကုတင်ဘေးရှိ စားပွဲခုံမှ မရပ်မနားမမောနိုင်
မပမ်းနိုင်မြည်နေသော နှိုးစက်ကိုပိတ်ပီး
တဘက်တစ်ထည်ယူ၍ ရေချိုးခန်းသာ
ဝင်လာခဲ့လိုက်တော့သည်။

ရေပန်းအောက်တွင် မျက်နှာလေးမော့ပီး ခေါင်းလေးဝင်လိုက်သည်နှင့် ခဏက
အိပ်ချင်နေ၍ မလန်းမဆန်းဖြစ်နေသော
စိတ်များက ရေပန်းမှကျလာသော
ရေအေးအေးလေးများက သယ်ဆောင်သွား
သလားမသိ။ လေးလံထိုင်းမှိုင်းမှုများအလို
အရောက်ကွယ်ပျောက်သွားပီး စိတ်နှလုံးအစုံမှာ လုံးဝ
ကြည်လင်လာသလိုပင်။

ရေချိုးခန်းထဲမှထွက်ထွက်ချင်း ကုတင်ပေါတွင် တင်ထားသော အဝတ်အစားများကြောင့် နှုတ်ခမ်းများက
သူ့အလိုလိုပြုံးပီးသားပင်ဖြစ်နေသည်။
ဘယ်သူလုပ်ထားပေးတယ်ဆိုတာ
မေးစရာပင်မလို ။

ကုတင်ဆီသို့လျှောက်သွားကာ အဆင့်သင့်ဖြစ်နေသော လည်ကတုံးအဖြူရောင်နှင့်
ကွက်စိတ်ပုဆိုးကို ဝတ်ဆင်၍ မှန်ရှေ့တွင်ရပ်ကာ မခြောက်သေးသောဆံပင်ကို ခြောက်အောင် လေမှုတ်နေလိုက်သည်။

လေမှုတ်၍ခြောက်သွားသည့်အခါ နဖူးထက်တွင် ဝဲကျလာသော ဆံပင်ကို ခလယ်မကျတကျခွဲ၍
ပုံစံကျအောင်ပြင်ပီး မိိမိတကိုယ်လုံးကို လှည့်ပတ်ကြည့်လိုက်တော့ အဆင်ပြေပီ ထင်တာကြောင့် အောက်ဆင်းရန်ပြင်ပီး
ထွက်ခဲ့လိုက်သည်။

မနက်စာစားရန် ထမင်းစားပွဲကိုသာ
လာခဲ့လိုက်ပီး ထိုင်နေကျနေရာဖြစ်သည့်
ထိပ်ဆုံးစားပွဲ၏ ညာဘက်တွင်ဝင်ထိုင်လိုက်သည်။ မနက်စာသည်လည်း ဘာလည်းဆိုတာ
ကြည့်နေစရာကိုမလို ရှေ့မှာရှိသည့် နွားနို့ခွက်ကိုယူ၍ တစ်ခါတည်းကုန်အောင်သာ
မော့သောက်လိုက်ပီး အရသာသိနေပီးသားဖြစ်သည့် စတော်ဘယ်ရီပေါင်မုန့်ကို အမြန်ကုန်အောင်
စားလိုက်ပီး  စားပွဲမှထရပ်ကာ

Default Title -superstar လေးနှင့်သူ၏အချစ်မှတ်တမ်းWhere stories live. Discover now