superstar လေးနှင့်သူ၏အချစ်မှတ်တမ်း(4)

392 52 28
                                    

ထို့နောက်.................

"အား......မင်းဘလိုလုပ်လိုက်တာလည်း”
တကယ်ဒီကလေး အရမ်းကို အားသန်လွန်းလှတယ် အခုလည်းကိုယ့်နဖူးကိုတိုက်ချလိုက်တာ
ကွဲပီလားအောက်မေ့ရသည်အထိ

"ခင်ဗျားက ဘာလို့အရှေ့ကိုတိုးလာရတာလည်း
ခင်ဗျားသာ မတိုးလာခဲ့ရင် ဒီလိုဖြစ်စရာ
အကြောင်းမရှိဘူး ”

"ဒါကသရုပ်ဆောင်နေတာလေ ဘာလည်းမင်းက ရင်တွေတကယ်ခုန်နေလို့လား”မျက်နှာလေးကို စိုက်ကြည့်ကာ ရင်ဘတ်လေးကို ထောက်ပီး
​ပြောလိုက်တော့ ချက်ချင်းရဲတတ်လာသော
မျက်နှာလေး
"ဟက်..... ဘာလဲ...ဒါကရှက်နေတာလား”

"ရူးနေလားခင်ဗျား...ဘာလို့ရှက်ရမှာလည်း
ဒီတိုင်း ခင်ဗျားမျက်နှာဆိုးကြီးက
ရှေ့တိုးလာတော့ လန့်လို့ပေါ့”

"ကောင်းတော့တာဘဲဆရာရယ် ...... အမေမွေးကတည်းက
ချောလွန်းလို့လူတကာ ချီးကျူးနေတဲ့
မျက်နှာလေးက မင်းနဲ့ကျမှဘဲ မျက်နှာဆိုးဖြစ်ရတယ်လို့
ပြစမ်း မင်းမျက်လုံးတခုခုဖြစ်နေတယ်
ထင်တယ်နော်”သူ့မျက်နှာလေးကိုဆွဲပီး
ကြည့်လိုက်တော့ အလန့်တကြားမတ်တပ်ထရပ်လိုက်ပီး

"သွား..သွားတော့မယ် ရိုက်ကွင်းစနေပီထင်တယ်”အရှက်ကြီးသူက
မျက်နှာတင်မကနားရွက်ထိပ်ဖျားလေးတွေပါရဲတတ်လာပီး လှစ်ခနဲဆိုသလိုပြေးထွက်သွား၏။

ပြေးထွက်သွားသည့်ကျောပြင်ငယ်လေးကို
ကြည့်၍ ........ငါဘာဖြစ်နေရတာလည်း
သူနဲ့တွေ့ရင်ဘာလို့ အမြဲစဘဲစချင်နေတာလည်း
ပီးတော့ဒီနေရာလေးကရော ဘာလို့အဲ့လောက်ထိ ခုန်နေရတာလည်း မဟုတ်မှလွဲ......

အာ....ငါဘာမဟုတ်တာတွေတွေးနေရတာလည်း ငါလည်းမိန်းနဲ့နေတာများပီး
မဟုတ်တာတွေ တော်တော်တွေးတတ်လာတာဘဲ

သူ့ဟာသူပြောပီးတယောက်ထဲပြုံးနေတာကိုကိုယ်တိုင်ကမသိလိုက်ပင်မယ့်
တနေရာကနေရပ်ကြည့်နေသည့်ကောင်လေး
ကတော့

"အဲ့လူကြီးက ဘလိုလူမှန်းလည်းကိုမသိဘူး
တီဗီထဲမှာမြင်နေကျပိုင်ပိုင်နဲ့နည်းနည်းလေး
တောင်မတူဘူး သူနဲ့နေရတာ စူပါသောက်နေရသလိုဘဲ ခဏခဏရင်တုန်နေရတယ် တော်ပီ
နောက်ဆို အဲ့လူရှိတဲ့နေရာတိုင်းက
dangerous area ဘဲ နှလုံးရောဂါရပီး
ဆေးရုံမတတ်ချင်ရင်တော့ ဘယ်လောက်
ကြိုက်တဲ့ idol ဖြစ်ဖြစ် ရှောင်သင့်ရင်တော့
ရှောင်ရမှာဘဲ.....ဟွန့်......

Default Title -superstar လေးနှင့်သူ၏အချစ်မှတ်တမ်းWhere stories live. Discover now